"မှန်တဲ့ယုံကြည်ခြင်းကမှန်တဲ့အသက်ရှင်ခြင်းကို အမြဲတွန်းပို့တယ်"
"မှန်တဲ့ယုံကြည်ခြင်းကမှန်တဲ့အသက်ရှင်ခြင်းကို အမြဲတွန်းပို့တယ်" မိတ်ဆွေ....ဘုရားသခင်ဆီက ကြီးမားတဲ့အရာတွေကို ယုံကြည်ဖို့ သင်ကြိုးစားနေချိန်မှာ၊သင့်ရဲ့ဆုတောင်းချက်တွေကို ဘုရားသခင်ကအဖြေပေးမယ်လို့ သင် ယုံကြည် စိတ်ချ နေချိန်မှာ သင့်ရဲ့အတွင်းစိတ်ထဲမှာ အပြစ် တင်စွပ်စွဲတဲ့အသံကို သင်ကြားရမှာ ဖြစ်တယ်။ *သင့်ကိုသင် ဘယ်သူဖြစ်တယ်လို့ထင်နေသလဲ* *ဒီမနက်သင့်ရဲ့ဇနီးသည်ကို ဒေါသနဲ့ အော်ဟစ်ကြိမ်းမောင်းခဲ့တာ သင်မေ့နေပြီလား* *ဒီနေ့ သင့်ရဲ့အလုပ်ဌာနမှာဘုရားသခင်ကသင့်ကို ဘယ်လိုလုပ်မျက်နှာသာပေးလို့ရမှာလဲ *သင်ဟာတချိန်လုံး ဒီလောက် စိတ် မထိန်းချုပ်နိုင်ဘဲရှိနေတာ သင့်အသက်တာထဲမှာ ကောင်းတဲ့အရာတွေဖြစ်လာဖို့ ဘယ်လိုလုပ် မျှော်လင့်လို့ရနိုင်မှာလဲ* *သင့်ကိုသင် ခရစ်ယာန်ပါလို့ ပြောရဲသေးတယ်ဟုတ်လား* *သင်ကျမ်းစာမဖတ်ဖြစ်တာဘယ်လောက်ကြာပြီလဲ * *ဘုရားသခင်အတွက် သင်ဘာတွေများလုပ်ဆောင်ပြီးပြီလဲ* *ဘယ်လိုလုပ်ပြီးဘုရားသခင်က သင့်ရဲ့ကလေးကိုကျန်းမာစေနိုင် မှာလဲ* ဒီလို စွပ်စွဲချက်တွေနဲ့ သင်ရင်းနှီးနေတယ် မဟုတ်လား။ အခု သင်ဒီစွပ်စွဲချက်တွေကို ဘယ်လိုတုံ့ပြန်သလဲဆိုတာက သင်ဘာကိုယုံကြည်သလဲဆိုတာကိုပေါ်လွင်စေမှာဖြစ်တယ်။ ဒီအရာက သင်ဘာကို ယုံကြည်သလဲ ဆိုတာကို စစ်ဆေးတိုင်းတာပေးတဲ့အရာပဲ ဖြစ်တယ်။ အထက်ပါစွပ်စွဲချက်နဲ့ပတ်သက်ပြီး တစ်စုံတယောက်က...... *ဟုတ်ပါတယ်။သင်ပြောတာအမှန်ပါပဲ။ကျွန်တော်မထိုက် တန်ပါဘူး။ဒီမနက်အိမ်မှာ ဇနီးသည်နဲ့အဆင်မပြေဖြစ်ခဲ့တဲ့အတွက် ဘုရားသခင်ဆီကမျက်နှာသာပေးခြင်းတော့ ဘယ်လိုမှခံစားနိုင်မှာ မဟုတ်ဘူး*လို့ ထင်မြင်မယ်ဆိုရင် သူ့ရဲ့တုံ့ပြန်ချက်က သူဟာ ဘုရားသခင်ရဲ့လက်ခံခြင်း၊ မျက်နှာသာပေးခြင်းခံရဖို့ကြိုးစားအားထုတ်ရမယ်လို့ ယုံကြည်လက်ခံထားသူထဲမှာ ပါဝင်တဲ့သူဖြစ်တယ်ဆိုတာကိုသက်သေထူနေခြင်းဖြစ်တယ်။ဒီလူဟာဘုရားသခင်ဆီက ကောင်းတဲ့အရာကို အသက်သာ မှန်တဲ့အချိန်မှာပဲ မျှော်လင့်လို့ရ တယ်လို့ယုံကြည်ထားသူဖြစ်တယ်။ အခု ဒီလူနဲ့ခြားနားတဲ့ လူတစ် ယောက်ရဲ့ စဉ်းစားပုံကို ကြည့်ရအောင်။ *ဟုတ်ပါတယ်။ သင်ပြောတာမှန်ပါတယ်။ဒီမနက် ကျွန် တော့်ဇနီးအပေါ်မှာ ဒေါသပေါက်ကွဲခဲ့တဲ့အတွက်ကြောင့် ဘုရားသခင်ရဲ့ မျက်နှသာပေးခြင်းကိုမခံထိုက်ပါဘူး။ ဒါပေမဲ့ ကျွန် တော် ဟာ ကျွန်တော့ရဲ့ထိုက်တန်ခြင်းကိုမကြည့်ဘူး။ ကျွန်တော် ယေရူရဲ့ထိုက်တန်ခြင်းကိုပဲ ကြည့်တယ်။ အခုလက်ငင်းပဲယေရူကကျွန် တော့် ကို လုံးဝဖြောင့်မတ်တဲ့သူအဖြစ်မြင်တဲ့အတွက် ကျေးဇူးတော်ချီးမွမ်းတယ်။သူ့ရဲ့ပြည့်ဝစုံလင်တဲ့ ပူဇော်ခြင်းကြောင့် ဘုရားသခင်ဆီက မျက်နှာသာပေးခြင်းကို မျှော်လင့်လို့ရတာဖြစ်တယ်။ သူ့ရဲ့ဖြောင့်မတ်ခြင်းက ကျွန် တော့်ရဲ့အသက်တာတစ်ခုလုံးအပြုအမူ၊ အပြောအဆိုတွေအပေါ်မှာ လွှမ်းခြုံထားတယ်။ သူ့ဆီက ကောင်းတဲ့အရာတွေ မျှော် လင့် နိုင်တာဟာကျွန်တော်ကောင်း နေလို့ မဟုတ်ဘူး။ သူ့ရဲ့ကောင်း မြတ်ခြင်းကြောင့်ပဲဖြစ်တယ်* အာမင်။ ။ အထက်ပါ ပုဂ္ဂိုလ်နှစ်ဦးရဲ့ ခြားနားချက်ကိုသင် သိမြင်ပြီ မဟုတ်လား။ ဒုတိယလူက ယေရှုရဲ့ဖြောင့်မတ်ခြင်းအပေါ်မှာ မိမိ အသက်တာကိုတည်ဆောက်တဲ့သူဖြစ်တယ်။ သခင်ယေရှုရဲ့မျက်နှာသာပေးခြင်း အပေါ်မှာ မှီခိုပြီး အလုပ် သွားတဲ့သူဖြစ်တယ်။ အလုပ်က ပြန်လာတဲ့အခါမှာ လည်း လမ်းတစ်လျှောက်မှာကြုံရတဲ့ အကျပ်အတည်း၊ ယာဉ်ကြောပိတ်ဆို့မူ အားလုံး ကို စိတ်ရှည် သည်း ခံနိုင်တယ်။ ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းနဲ့အိမ်ပြန်လာနိုင်တာ အဖက သူ့ကိုချစ်ပြီး မျက်နှာသာပေးတာကို ခံရလို့ဖြစ်တယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အားနည်းချက်တွေကို ဖယ်ရှားပစ် နိုင်ခဲ့တာ မဟုတ်ဘူး။ သခင်ဘုရားဟာ သူနဲ့အတူရှိတယ်ဆိုတာကိုအမြဲခံစားရလို့ဖြစ်တယ်။ မနက်ပိုင်းမှာ ဇနီးသည်အပေါ် အသံမာမာ နဲ့ ပြောခဲ့တဲ့ အပေါ် ပြန်လည် တောင်း ပန်ဖို့ ခွန်အား ကို ခရစ်တော် ထဲမှာတွေ့ခဲ့တာဖြစ် တယ်။ဘုရားသခင်ရဲ့မျက်နှာသာပေးခြင်းက နှလုံးသားကို လာထိတဲ့အခါ ခွင့်မလွှတ်ခြင်း၊စိတ်ဆိုး ခြင်းနဲ့ ခါသီးခြင်းတွေကို ဆက် လက်ဆုပ်ကိုင်ထားလို့ မရတော့ပါဘူး။ ဘုရားသခင်ရဲ့ တို့ထိခြင်းခံရပြီးမှ ဖြစ်ပေါ်လာတဲ့အပြုအမူဟာ စစ်မှန်တဲ့ဖြောင့်မတ်ခြင်း ဖြစ် တယ်။ မှန်တဲ့ယုံ ကြည်ခြင်းက မှန်တဲ့အသက်ရှင်ခြင်းဆီကို အမြဲတွန်းပို့တယ်။ Credit: Joseph Prince ❤️ GOD is good all the time❤️

Comments
Post a Comment