“ဆုတောင်းခြင်း၏နေရာမှန်”
“ဆုတောင်းခြင်း၏နေရာမှန်” ဆုတောင်းခြင်းသည်ဤစကြဝဠာအတွင်း၌ဘုရားသခင် ပြီးလျှင် ဒုတိယတန်ခိုးအကြီးဆုံးအရာပင်ဖြစ်သည်။ဆုတောင်းခြင်းအမှုသည်အသင်းတော်နှင့်တစ်ဦးချင်းစီအသက်တာအတွက်အရေးပါဆုံးသောအရာဖြစ်သော်လည်းလျစ်လျှူရှု အခံရဆုံးအရာဖြစ်သည်။ဆုတောင်းခြင်းကို၎င်း၏နေရာမှန်၌ကျွန်ုပ်တို့မထားသရွေ့အသက်တာ (သို့) အမှုတော်၌ထိရောက်အောင်မြင် ပေါက်မြောက်နိုင် မည်မဟုတ်ပါ။ ဆုတောင်းခြင်း၏အရေးပါမှုကိုနားလည်သဘောပေါက်ရုံမျှမက ဆုတောင်းခြင်းကိုနေရာမှန်၌ထားခဲ့သူမြောက်များစွာကိုသမ္မာကျမ်း၌တွေ့ရှိရသည်။၎င်းတို့အနက်မှ ယေရှုခရစ်တော် ၏ အသက်တာ ကိုသင်ခန်းစာယူစရာနှင့်တည်ဆောက်စရာဖြစ်စေရန်အတွက်မျှဝေလိုက်ပါသည်။ ဗတ္တိဇံယောဟန်ထောင်သွင်းအကျဉ်းချခံရပြီးနောက်အရှင်ယေရှုသည်အမှုတော်မြတ်ကိုစတင် ထမ်းရွက်ခဲ့ သည်(မာ၁:၁၄-၁၅)။အရှင်ယေရှုအားအစေခံကျွန်တစ်ဦးအဖြစ်ဖော်ညွန်းထားသည့် ရှင်မာကုခရစ်ဝင်ကျမ်း၌အရှင် ယေရှု၏အစေခံကျွန်ပီသမှုကိုသူ၏မရပ်မနားအမှုတော်ဆောင် ခြင်းအားဖြင့်ပီပြင်စွာမြင်တွေ့ရ သည်။ တစ်ရက်သောဥပုသ်နေ့၌အရှင် ယေရှုသည်ကပေရနောင်မြို့သို့ဝင် ရောက်ကာထိုမြို့တရားစရပ်၌ ဆုံးမ ဩဝါဒပေးခြင်း၊နတ်ဆိုးနှင် ထုတ်ခြင်းအမှုမျ...