'အသစ်သော ဘ၀အသက်တာ'

 



'အသစ်သော ဘ၀အသက်တာ'

📖၁ကော၁၅:၄၈"မြေသားတို့သည် မြေသားကဲ့သို့ဖြစ်ကြ၏။ ကောင်းကင် သားတို့သည် ထိုကောင်းကင်သားကဲ့သို့ဖြစ်လိမ့်မည်" ကမ္ဘာဦးကျမ်း၌ ဘုရားသခင်သည် ပထမလူသားဖြစ်သည့် အာဒံကို မြေကြီးမှထုတ်ယူပုံသွင်းပြီး၊ သူ၏နှာခေါင်းအထဲသို့ ဇီ၀အသက်ကို မှုတ်တော်မူသည့် အခါ အာဒံသည် အသက်ရှင်သောသူ အဖြစ် သို့ ရောက်ရှိလာခဲ့ ကြောင်း နှုတ်ကပတ်တော် က ကျွန်ုပ်တို့ကို မိန့်ဆိုထားပါသည်။ သို့ရာတွင် ထိုအာဒံကို "မြေကြီးသား" အဖြစ်သာ သမ္မာကျမ်းစာကဖော်ပြထားပါသည်။ ထိုသို့ဖော်ပြရခြင်းမှာ သူသည် မြေမှုန့်မှလာသောသူဖြစ်ပြီး၊ သဘာ၀လူသားအသက်တာကိုသာ ရရှိပိုင်ဆိုင်ထားခဲ့သောကြောင့်ဖြစ်သည်၊-"ရှေးဦးစွာသောလူသည် မြေကြီးကဖြစ်သောကြောင့် မြေသားဖြစ်၏။..."၁ကော၁၅:၄၇ သို့ရာတွင် ကျွန်ုပ်သည် ဒုတိယနှင့် နောက်ဆုံးသောအာဒံဖြစ်သည့် သခင်ယေရှု ခရစ်တော်ထံသို့ ခေါ်သွင်းခံကြရမည်ဖြစ်ပေသည်၊-" ရှေးဦးစွာသောလူအာဒံသည် အသက်ရှင်သောသတ္တဝါဖြစ်၏ဟုလာသတည်း။ ယခုတွင် နောက်ဆုံးဖြစ်သော အာဒံမူကား၊ အသက်ရှင်စေတတ်သော ဝိညာဉ်ဖြစ်၏"📖၁ကော၁၅:၄၅။ ကျွန်ုပ်တို့သည့် ဒုတိယနှင့် နောက်ဆုံးဖြစ်သော အာဒံ၏သ င်္ကေတအမှတ်လက္ခဏာများပင်ဖြစ်ကြပေသည်။ ထိုသူသည်‌ ကောင်းကင် မှဆင်းသက်သော သခင်ဘုရားပင် ဖြစ်သည်။ ပထမအာဒံနှင့်မတူကွဲပြားသည်မှာ ကိုယ်တော့်ထံ၌ အသက်သာကိုပေးစွမ်းသည် ဝိညာဉ်တော်ကိန်း၀တ်နေခြင်းဖြစ် သည်။ ယခုတွင် သင်သည် ဒုတိယမွေးဖွားခြင်းကိုခံစားနေရရှိပြီးသူဖြစ်သည့်အတွက် သင့်အထဲ၌ရှိနေသည့် အသက်တာသည် သင်၏ ဇီဗေဒဆိုင်ရာ မိဘများထံမှ သင်ရရှိခဲ့သောအသက်တာနှင့် လုံး၀ကွဲပြားခြားနားသွားပြီဖြစ်သည်။ ယခုတွင် သင်သည် အသစ်သောဘ၀၊ အသစ်သောမိသားစု၀င်ဖြစ်ခဲ့ပေပြီး။ ယခုတွင် ခရစ်တော်သည် သင်၏ဖြစ်တည်ရာ အရင်းအမြစ်ပင်ဖြစ်ပြီး၊ ထိုအရာထံ သင် ဆက်သွယ်မှုပြုပါသည်။ ထိုအရာအားဖြင့် သင် ဖွားမြင်လာပါသည်။ ထိုခရစ်တော်သည် ဒုတိယနှင့် နောက်ဆုံးသောအာဒံပင်ဖြစ်သည်။ ပထမအာဒံနှင့် သင်၏ဆက်သွယ်နေမှုကို ထာ၀ရကာလအတွက် လုံးလုံးလျားလျား ဖြတ်တောက်ထားပြီးဖြစ်ပေသည်။ ကောလောသဲ ၃:၃ က သင်၏အသက်တာသည် ဘုရားသခင့်အထံတော်၌ ခရစ်တော်နှင့်အတူ ဝှက်ထားခြင်းခံထားရကြောင်း မိန့်‌ဆိုထားပါသည်။ တစ်နည်းအားဖြင့် သင်၏အသက်တာသည် ခရစ်တော်၌ရှိပြီး၊ ခရစ်တော်သည် သင်၏အသက်တာ၌ရှိနေခြင်းဖြစ် ကောလောသဲ ၃: ၄။ ဆိုလိုသည်မှာ လောကနှင့်ဆက်ဆိုင်သော၊ လောကအားဖြင့်ဖြစ်ပွားသော ပထမသောအသက်တာသည် ကောင်းကင်ဘုံနှင့်ဆက်ဆိုင် ဆက်နွယ်သော၊ လောကအား ဖြင့်ဖြစ်ပွားသော အစားထိုးစိုက်ပျိုးခြင်းကို ခံထားရပြီးဖြစ် သည် ဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်၊-"ရှေးဦးစွာသောလူသည် မြေကြီးကဖြစ်သောကြောင့် မြေသားဖြစ်၏။ ဒုတိယလူမူကား၊ ကောင်းကင်ဘုံကဖြစ်တော်မူသော သခင်ပေတည်း" (၁ကော၁၅:၄၇)။ သခင်ယေရှုက၊-"ငါမူကား အထက်သား၏.." ဟု မိန့်တော်မူထားသည်မှာ အံ့ဩစရာမရှိတော့ပေ (ယော၈: ၂၃)။




ပထမအာဒံ၏ပုံသဏ္ဍာန်တော်ကို ကျွန်ုပ်တို့ယူတင်၀တ်ဆောင်ခဲ့ရသည့်နည်းတူ၊ နောက်ဆုံးအာဒံကို ပုံသဏ္ဍာန်တော်ကို ယူတင်၀တ်ဆောင်ရန်မှာ ကျွန်ုပ်တို့၏ ၀တ္တရားပင်ဖြစ်ပေသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၌ရှိသည့် ကျွန်ုပ်၏အသစ်သော အသက်တာပုံသဏ္ဍာန်ကို ယူတင်၀တ်ဆောင်ကြရမည်သည်။ အဘယ်သို့ယူတင်၀တ်ဆောင်ကြရမည်နည်း? ဘုရားသခင်၏နှုတ်ကပတ်တော်ထံ "ဟုတ်ပါ၏" ဟူ၍ ၀န်ခံပြောဆိုခြင်းအားဖြင့်ဖြစ်ပေသည်။ ဥပမာအားဖြင့် 📖၂ကော ၅: ၁၇ က၊-" လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ" ဟု မိန့်ဆိုထားပါသည်။ ထိုကျမ်းချက်အပေါ် သင်၏တုန့်ပြန်မှုမှာ၊-" ထိုအရာသည် ကျွန်ုပ်၏ ဖြစ်တည်မှုဖြစ်သော ခရစ်တော်၌အသစ်သော ဖန်ဆင်းခံအရာဖြစ်ပါ၏။ အသစ်သောလူကို အကျွန်ုပ်ယူတင်၀တ်ဆောင်ပါ၏။ ထိုလူသစ်သည် ဖန်ဆင်းတော်မူသောသူ၏ ပုံသဏ္ဍာန်နှင့်အညီ၊ မှန်သောပညာအားဖြင့် အသစ်ပြုပြင်ခြင်းခံရပါ၏" ဟူ၍ဖြစ်သင့်ပေသည်။ ထပ်၍ဖတ်ရန် 📖ကောလောသဲ၊ ၃: ၉-၁၀ 📖၂ ကော၊ ၃: ၁၈။ Credit: Rhapsody of Realities Myanmar ❤️GOD is good all the time❤️

Comments

Popular posts from this blog

💥သင်ထ လော့ လင်းလော့💥

❤️ဘုရားသခင်ကသင့်တို့တစ်ဦးချင်းကိုအသေးစိတ်နက်နက်ရူင်းရှုင်းချစ်သည်❤️