(ယေရမိ၂၉:၁၁)
"တဖန်မိန့်တော်မူသည်ကား၊ငါသည်သင်တို့ကိုအကျိုးနည်းစေခြင်းငှါကြံစည်သောအကြံမဟုတ် ဘဲသင်တို့သည်မြော်လင့်သောအကျိုးကိုရမည်အကြောင်းငြိမ်ဝပ်စေခြင်းငှါသာသင်တို့အဘို့ကြံစည်သောအကြံတို့ကိုငါသိ၏။"
လူတွေဆုတောင်းတဲ့အခါမှာမကြာခဏဆိုသလိုဘုရားကပြသာနာတွေကိုရပ်တန့်စေပေမယ့်အမြဲတမ်းတော့မဟုတ်ဘူး။ကျမ်းစာထဲကတမာန်တော် ရှင်ပေါလုလ
မှာကြီးမားတဲ့ပြသာနာတစ်ခုရှိနေတယ်။အဲ့ဒါဟာခန္ဓာပိုင်းဆိုင်ရာနာကျင်တဲ့ပြသာနာတစ်ခုဖြစ်နိုင်တယ်။အဲ့ဒါကဘာပဲဖြစ်ဖြစ်ပေါလုကတော့အဲ့ဒါကိုဖယ်ရှားပစ်ချင်တယ်။ဒါကြောင့်သူဆုတောင်းတာပေါ့။တစ်ကြိမ်၊နှစ်ကြိမ်တောင်မဟုတ်ဘူး။သုံးကြိမ်တောင်ဆုတောင်းတယ်။အကြိမ်တိုင်းမှာပေါလုကအဲဒါကိုဖယ်ပေးဖို့ဘုရားသခင်ထံတောင်ခံတယ်။(၂ကော၊၁၂:၇-၈)။
ဘုရားသခင်ကပေါလုရဲ့ပေါလုရဲ့ဆုတောင်းချက်ကိုအဖြေပေးခဲ့
တယ်။ဒါပေမဲ့သင်ထင်သလိုပုံစံမျိုးတော့မဟုတ်ဘူး။ဘုရားသခင် ကပေါလုကို "ငါ့ကျေးဇူးသည်သင့်အဘို့လောက်ပေ၏။ငါ့တန်ခိုးသည်အားနည်းခြင်းအဖြစ်၌စုံလင်တက်သည်။……”လို့ပြောတယ်။(၂ကော၊၁၂:၉)။ တစ်ခါတလေမှာ ကျွန်တော်တို့ရဲ့ အားနည်းတဲ့အရာတွေမှာဘုရားသခင်ရဲ့ခွန်အားတန်ခိုးကိုဖော်ပြဖို့ဖြစ်တယ်။ပေါလုအတွက်ဘုရားသခင်ရဲ့အဖြေက"No-မရဘူး”ဆိုတာဖြစ်တယ်။ဘုရားသခင်ကပေါလုပြသာနာကိုဆက်လက်ခွင့်ပြုခဲ့တယ်။ဘုရားသခင်ကပေါလုကိုအဲ့ပြသာနာကိုကျော်ဖြတ်နိုင်ဖို့ခွန်အားပေးခြင်းအားဖြင့်ပေါလုရဲ့ဘဝမှာသူ့ကျေးဇူးကိုဖော်ပြလိုတာဖြစ်တယ်။
သင်ဆုတောင်းတဲ့ခါသင့်ပြသာနာတွေကိုဘုရားသခင်ကဖယ်ရှားပေးတာမျိုးဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့တစ်ခါတစ်ရံဘုရားသခင်ကသင့် ကိုအဲ့ဒီအရာကိုသူ့ကျေးဇူးအားဖြင့်ကျော် ဖြတ်စေလိမ့်မယ်ဘုရားသခင်ကသင့်အသက်တာမှာသူ့ရဲ့ဘုန်းတော်ထင်ရှားစေလိုပြီးသူ့ကို
ချီးမွမ်း စရာဖြစ်စေချင်တယ်။အဲ့ဒီအချိန်တွေမှာဒုက္ခဆင်းရဲခြင်းကို ဖြတ်သန်းရင်းအကောင်းဆုံးဘုန်းတော်ထင်ရှားသွားလိမ့်မယ်။သင်ယုံကြည်အားကိုးနိုင်ဖို့ဘုရားသခင်ကခွန်အားပေးတာကိုတခြားသူတွေမြင်တွေ့ကြပြီးဘုရားသခင်ကိုချီးမွမ်းကြလိမ့်မယ်။သူတို့လည်းဘုရားသခင်အပေါ်ယုံကြည်အားကိုးဖို့ခွန်အားရကြလိမ့်မယ်။
Saya Hpung Gam
See less

Comments
Post a Comment