Posts

Showing posts from 2021

ဘုရားသခင်၏နုတ်ကပါတ်တော်

 ဘုရားသခင်၏ နှုတ်ကပတ်တော် က သခင်ယေရှုနှင့်အတူ မည်သို့လျှောက်လှမ်းရမည်ကိုပြရန်  ရိုးရှင်းသောစည်းမျဉ်းတစ်ခုပေးထားပါသည်။ ထိုစည်းမျဉ်းသည် ကျွန်ုပ်တို့တစ်သက်တာလုံးနှင့် သက်ဆိုင်ပေသည်။ ထိုစည်းမျဉ်းက အပြစ်၀င်လာသည့်အချိန်ကို ကျွန်ုပ်တို့အားအစဉ်ပြပေမည်။ ထိုစည်းမျဉ်းကို(ကောလောသဲ ၃:၁၅) တွင် တွေ့ရပေမည်။ သင်တို့နှလုံးအထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်းအုပ်စိုးစေ။ ခရစ်တော်ပေးသော ငြိမ်သက်ခြင်းကို ပျက်သုဉ်း စေသောအရာဟူသမျှသည် အပြစ်ဖြစ်သည်။ ထိုအရာသည် သေးငယ်သောအရာဖြစ်ပေမည်။ ပထမတွင် အပြစ်ဟူ၍ပင် မထင်ရလောက်အောင် ဖြစ်ပေမည်။  ခရစ်တော်ပေးသောငြိမ်သက်ခြင်းသည် ကျွန်ုပ်တို့၏ တရားသူကြီးဖြစ်ပေမည်။ ထိုတရားသူကြီးသည် ဘောလုံးကစားပွဲမှ ဒိုင်လူကြီးနှင့်တူပေသည်။ ဘောလုံးသမား‌ တစ်ယောက်သည်။ ကစားပွဲ၏စည်းမျဉ်းကို ဖောက်ဖျက်သည်ကို မြင်‌သောအခါ ဒိုင်လူကြီးက ခရာမှုတ်ပေတော့သည်။ ကစားပွဲလည်းရပ်ဆိုင်းရတော့သည်။  သူခွင့်မပြုမချင်း ပွဲစပြန်၍မရနိုင် တော့ပေ။ ကျွန်ုပ်တို့၏ ငြိမ်သက် ခြင်းပျောက်ဆုံးသွားပါက ကျွန်ုပ် တို့နှလုံးသားထဲတွင် ခရစ်တော် ထည့်ထားသောဒိုင်လူကြီးက သူ၏ခရာကို မှုတ်လိုက်ခြင်းဖြစ်ကြောင်းကို ဆိုလိုသည်။ ကျွန်ုပ် တို့ချ...

ခရစ်တော်၏သယ်ပိုးသူ

Image
  ခရစ်တော်၏သယ်ပိုးသူ --------------------------- ဖတ်ရန် ။ ၁ပေ ၂:၉-၁၂။ ကျွန်မတို့၏မိသားစုမျိုးရိုးဗီဇကိုလေ့လာနေစဥ် ကျွန်မ၏သွေးဝေးသော တစ်ဝမ်းကွဲတစ်ယောက်ကို တွေ့ရှိလိုက်သည်မှာ ကျွန်မတို့၏ အမေဖက်မှ အချို့သောဆွေမျိုးများသည် ဂျာမနီနိုင်ငံ အရှေ့ဘက်မှ ဖြစ်သည်။ (၁၇၀၀) ခုနှစ်အတောအတွင်း ရှေးဘိုးဘေးများသည် ဂျာမနီနိုင်ငံမှပြေးလာပြီး အမေရိကန်တွင် လွတ်မြောက်မှုကို ကြိုးပမ်းခဲ့ကြသည်။ သူတို့၏ဂျာမနီနာမည် "Christophel" အဓိပ္ပာယ်သည် ခရစ်တော်အတွက် သယ်ပိုးသူဟုဆိုလိုသည်။ သူ၏စာများအနက် တစ်စောင်ထဲမှာ "ကျွန်ုပ်တို့သည် ခရစ်ယာန်ဘာသာအမွေအနှစ် ကြွယ်ဝသောသူများ" ဟုရေးထားသည်။ ဤသည်မှာ မထူးဆန်းပါ" (ဟေဗြဲ ၁၂:၁) ဖော်ပြသည်မှာ ကျွန်ုပ်တို့ယုံကြည်သူ အားလုံးသည် ကြွယ်ဝသောအမွေအနှစ်များ ရရှိပြီးဖြစ်သည်။ ကျွန်မတို့ တစ်ယောက်စီသည် သူ့နေရာနှင့်သူ ခရစ်တော်အတွက် သယ်ပိုးသူများဖြစ်ပါသည်။ ပိုပြီးထင်ရှားစေနိုင်ခြင်းဖြင့် ကျွန်မတို့သည် သခင်ခရစ်တော်ကို ကျွန်မတို့စကားလုံးများ သဘောထားများ လုပ်ဆောင်ချက်များအားဖြင့် ခရစ်တော်၏သတင်းကို ကမ္ဘာတစ်ဝှမ်းလုံးဆီသို့ ရောင်ပြန် ဟပ်စေခြင်းဖြင့် ဖော်ပြပေးသည်။ ကျွန်မတို့ဝေင...

"တောင်းပန်မှု"

Image
  "တောင်းပန်မှု" ဖတ်ရန် ။ဧဖက် ၄:၂၉-၃၂။ ညစ်ညူးသောစကားတခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။(ဧဖက် ၄:၂၉) မစဉ်းစား မဆင်ခြင်ဘဲ ကျွန် တော်သည် စာရေးမလေးတစ် ယောက်ကိုခက်ထန်စွာပြောဆိုမိသည်။သူမသည် ဘာအမှားတစ်ခုမှမလုပ်ပါ။သူမသည်ဒေါသကိုထွက် စေသော ဆက်ဆံရေးမပြေပြစ် သောသူမဟုတ်ပါ။ စတိုး ဆိုင် အပြင်ဘက်ရောက်သောအခါကျွန် တော်သည် ဆိုးဆိုးဝါးဝါးပြုမိ လိုက် သည် ကိုနားလည်လိုက်သည်။ ကျွန်တော်လည်း တချိန်ကထိုသို့ ဆက်ဆံခြင်းခံခဲ့ ရဘူးသည်ကို သတိရသည်။တချို့ဈေး ဝယ် သူများသည် စာရေးများကို နှိမ့်ကျသည်ဟု ယူဆသည်။ အမှန် တော့ သူတို့မှာလည်း ခံစားတတ် သော နှလုံးသား ရှိပါသည်။ အခုလည်းကျွန်တော်မစာမနာ ပြောမိလိုက်ပါသည်။ ကျွန်တော်ရှက်မိသည်။တစ်ယောက်ယောက်ကို အမှားပြုမိလိုက်ပြီလို့ သိရှိလာရသည်။ တခဏနောက်ပိုင်းမှာ ကျွန် တော်သည် အထဲဝင်ပြီး ဝန်ချတောင်းပန်သည်။စာရေးမလေး၏ မျက်နှာသည် ပြောင်းလဲသွားပြီး အံ့ဩစွာနှင့်ပြုံးကာ ပြန်လာတောင်းပန်သည့်အတွက် ကျေးဇူးတင် ပါသည်ဟုပြောပါသည်။ခရစ်တော်သည် လူအားလုံးကိုချစ် သည်ဆိုတာ ကျမ်းချက်ထဲမှာ ပြောပါသည်။ကျွန်တော်သည် တစ်စုံတစ်ယောက်ကိုအမှားပြုလုပ် မိသည်။ထို့အတူသန့်ရှင်းသောဝိညာဉ်တော...

ကျီစယ်ခြင်းလောက်ပဲဖြစ်သည်

Image
  ကျီစယ်ခြင်းလောက်ပဲဖြစ်သည် ------------------------------ ဖတ်ရန် ။ ဂလာတိ ၆:၇-၁၀။ အချင်းချင်း တစ်ယောက်နှင့်တစ် ယောက် ကိုယ့်အပြစ်ကို ဖော်ပြတောင်းပန်ကြလော့။ 📖ယာကုပ်၅:၁၆ လွန်ခဲ့သော နှစ်များစွာက ကျွန် တော်သည်အခြားမြို့၌ ဘေ့(စ်) ဘော ပွဲကြည့်ရန် သွားခဲ့သည်။ ပွဲပြီးသောအခါ ကျွန်တော်၏ ကားသည် ရေအိုင်ကိုဖြတ်ပြီး လူတစ်စုကိုရေစင်သွားအောင် မောင်းလိုက် သည်။ဤသို့လုပ်ခြင်းသည်နောက် ပြောင်ခြင်းသက် သက်သာဟု ထင်မိသည်။ထိုအချိန် အမျိုးသမီးတစ်ယောက်ကကျွန်မ၏အင်္ကျီသစ်လို့အော်သံကြားရသည်။အခြားသူ များသည်လည်းစိတ်ဆိုမာန်ဆိုး ဖြစ်နေကြသည်။ ကျွန် တော်သည် သူတို့ဆီက အမြန်ဆုံး မောင်းထွက်လာရသည်။ ကျွန် တော် ကျီစယ်လိုက် မိသည့်အတွက် မပျော်ပါ။ ကျွန်တော်အပြစ်ရှိနေသည်ဟုခံစားရသည်။ထိုအပြစ် နှင့်တခြားသောအပြစ်အတွက် ဘုရားသခင်ခွင့်လွှတ်သော်လည်း အဲ့ဒီအဖြစ်အပျက် ကို ပြန်စဥ်းစားမိသည့်အခါ နောင် တရမိသည်။ အကယ်၍ထိုလူများကိုတယ်လီဖုန်း နဲ့ဝန်ချ တောင်းပန် နိုင်မည်(သို့မဟုတ်)ခွင့်လွှတ်ရန် တောင်းဆိုမည်။ ထို့အတူ အဝတ်အစား အတွက် တန်ဖိုးပြန် ပေးဆပ်နိုင်မည်ဆိုလျှင် ကောင်းမည်။ သို့သော် ထိုသို့လုပ်ဖို့ရန် သူတို့ကိုမသိပါ။ မြင်တောင် မမြင်ဖူးပ...

ဉာဏ်ပညာနှင့်ပြည့်စုံသော လွှမ်းမိုးမှု

Image
  ဉာဏ်ပညာနှင့်ပြည့်စုံသော လွှမ်းမိုးမှု ------------------------------- ဖတ်ရန်။ ။ မာကု ၁၀:၁၃–၁၆။ ငါအမှန်ဆိုသည်ကား အကြင်သူသည် ဘုရားသခင်၏ နိုင်ငံ ကို သူငယ်ကဲ့သို့မခံမယူရ။ထိုသူသည် နိုင်ငံတော်သို့ မဝင်ရ။ 📖မာကု၁၀:၁၅ မကြာသေးမှီက ကျွန်တော်သည် အသိဉာဏ်ရှိသောလွှမ်းမိုးမှုဖြစ် သည့် သီအိုရီတစ်ခုကို ဖွံ့ဖြိုးတိုးတက်စေသည်။ ခရစ်ယာန်များ၏ အသက်တာအတွက်ဘုရားသခင် အလိုတော်အတိုင်း အသက်ရှင်နေထိုင်နိုင်ဖို့ရန်နှင့်ကျွန်တော်တို့သည် ဘယ်လိုလွှမ်းမိုးခြင်းခံရသလဲ။ ထို့အတူ တစ်ပါးသူကို ဘယ်လိုလွှမ်းမိုးရမလဲဆိုတာကို အသိဉာဏ်ရှိစွာဖြင့် စီစဥ်နိုင်ရ သည်ကိုဆိုလိုပါသည်။ မကြာသေးခင်က ညနေစာတစ် ခုမှာ ကျွန်တော်၏ (၂၁)လအရွယ် သမီးသည်သူ၏အရည်းအ​သွေးကိုဖော်ပြလိုက်သည်။ ကျွန်တော်တို့ အစာစားဖို့ထိုင်လိုက် တဲ့အခါမှာ သမီးသည် ကျွန်တော် လက်ကိုဖမ်းဆုပ်ပြီး ခေါင်းလေးငုံ့လိုက်သည်။ ကျွန်တော် နှင့် ဇနီးသည် ကျွန်တော်တို့အစာမစားမှီ အမြဲဆုတောင်းနေသည်ကို သမီးလေးစောင့်ကြည့်ပြီး အဲ့ဒီအတိုင်း လုပ်ဆောင် သည်ကို အံ့သြမိကြသည်။ ဤ ရိုးရှင်းသောလုပ်ရပ်သည် ကျွန်တော်တို့အားလုံးမှာရှိသော စိတ်ဓာတ်နှင့်အရေးကြီးမှု နားလည်နိုင်ရန် ...

စောင့်ကြည့်ပါ

Image
  စောင့်ကြည့်ပါ ---------------- ဖတ်ရန်။ ။ ဆာလံ ၁၂၁/ဆာလံ ၄၆ ထာဝရဘုရားသခင်ကို ကြောက်ရွံသောသူတို့နှင့် ကရုဏာတော်ကိုခိုလှုံသောသူတို့သည်၊- သေဘေးနှင့်ကင်းလွှတ်မည်အကြောင်း၊ အစာခေါင်းပါးသည်ကာလ၌ အသက်ရှင်မည်အကြောင်း၊ သူတို့ကိုကြည့်ရှု့လျက်ရှိတော်မူ၏။(ဆာလံံ ၃၃:၁၈-၁၉) နွေရာသီ၏မွန်းလွဲပိုင်းအချိန်တွင် ကျွန်မတို့မိသားစုသည် ပင်လယ် ကမ်းခြေ သွားကြသည်။ ကျွန်မတို့၏သမီးငယ်နှစ်ယောက်သည် သဲသောင်ပြင်နှင့် ပင်လယ်ထဲမှာ ပျော်ရွှင်ကြသည်။ အတော်ကြာ ကစားနေစဥ် လူများစွာသည် သူတို့၏ဘေးပတ်လည်၌ ထီးများမိုးထားကြသည်။ သူတို့ ကျွန်မတို့ထံပြန်လာဖို့ ဆုံးဖြတ်ချိန်မှာ သူတို့ ဘယ်နေရာရောက်ရောက်နေသည်ကို မသိတော့ပါ။ ကျွန်မတို့ကတော့ သူတို့ကိုကြည့်နေသည်။ သူတို့ကိုကြည့်ရတာ စိတ်ရှုပ်နေသလိုဖြစ်နေကြသည်။ တခဏအတွင်း အင်အားမဲ့နေသည်။ ထိုအခါ ခင်ပွန်း သည်မှ လျင်မြန်စွာ သူတို့ကိုခေါ်ဖို့သွားသည်။ သူတို့အတွက် အန္တရာယ်မရှိတော့သလို ကျွန်မတို့မှာလည်း မျက်စိအောက်မှ အပျောက်မခံတော့ပါ။ ဘုရားသခင်၏သားသမီးဖြစ်တဲ့ကျွန်တော်/ ကျွန်မတို့သည် လည်းမကြာခဏစိတ် ရှုပ်ပြီးပျောက်ဆုံးနေသလိုခံစားရသည်။ ရှုပ်ထွေးနေသောပင်လယ်ပြင်ထဲမှာ ဘုရားသည် အနီ...

သခင်ဘုရားနှင့်ပတ်သက်၍ စိတ်လှုပ်ရှား တက်ကြွပါ'

Image
  သခင်ဘုရားနှင့်ပတ်သက်၍ စိတ်လှုပ်ရှား တက်ကြွပါ' "ယေရှုက၊ မာသ၊ မာသ သင်သည် များစွာသောအမှုတို့၌ စိုးရိမ်၍ နှောက်ယှက်ခြင်းကိုခံရ၏။ လိုသောအရာတစ်ခုတည်းရှိ၏။ မာရိမူကားကောင်းသောအဘို့ကို ရွေးယူပြီ။ ထိုအဘို့ကို အဘယ်သူမျှ မနှုတ်မယူရာ ဟုမိန့်တော်မူ၏"(ရှင်လုကာခရစ်၀င်ကျမ်း ၁၀:၄၁-၁၂) ရှင်လုကာခရစ်၀င်ကျမ်း အခန်းကြီး (၁၀)တွင် တစ်ခု‌သောနေ့တစ်နေ့၌ သခင်ယေရှုသည် မာရိနှင့်မာသတို့အိမ်သို့ လည်ပတ် တော်မူခဲ့ကြောင်း သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို မိန်ဆိုထားပါသည်။ မာရိသည်ကိုယ်တော်၏ စကားတော်များကို ကြားနာခံယူအံ့သောငှာကြီးစွာသောစိတ်တက်ကြွလှုပ်ရှားခြင်းနှင့် သခင်ဘုရား၏ ခြေတော်ရင်း၌ ထိုင်နေစဉ်အချိန် တွင် သူမ၏ အစ်မကြီး ဖြစ်သူ မာသသည် သခင်ယေရှုသုံးဆောင် နိုင်ရန်အတွက် အစားအစာပြုလုပ် ရင်း မီးဖိုချောင်အတွင်း၌ အလုပ်ရှုပ်လျက်ရှိနေခဲ့ပါသည်။သူမ၏ညီမငယ်ဖြစ်သူသည် မိမိအားလာရောက်ကူညီခြင်း မရှိသည်ကို စိတ်ပျက်မိသည့်အတွက် မာသသည် ဘုရားသခင်ထံသို့ တိုင်ကြားသည့်အနေဖြင့်၊ -"...သခင်၊ ကျွန်မ၏ညီမသည် ကျွန်မတစ်ယောက်တည်း လုပ်ကျွေးစေခြင်းငှာ ကျွန်မကိုပစ် ထားသည့်အရာကို လျစ်လျူသောစိတ် ရှိတော်မူသလော။ သူသည် ကျွန်မကိုကူညီမ...

Warriors for christ

Image
  မုကတီ (Mukti) ရာမာဘိုင်၏ လုပ်ငန်းသည် ပြန့်နှံ့ခဲ့ပြီး ရှာရဒ - ဆာဒန်သို့ လာရောက်သည့် အမျိုးသမီးအားလုံးအတွက် အခန်းမရှိခဲ့ချေ။ ထို့ကြောင့် ပူးနား (Poona) အရပ်အနီးရှိ ခက်ဂျုန် (Khedgaon) အရပ်၌ မြေကွက်ဝယ်ပြီး ရှာရဒ - ဆာဒန်နှင့် ခပ်ဆင်ဆင်တူ သော အိမ်တလုံးတည်ဆောက်ခဲ့၏။ ထိုအိမ်ကို မုကတီ “ကယ်တင်ခြင်း” ဟု မှည့်ခေါ်ခဲ့သည်။ “မုကတီ” တည်ထောင်ခြင်းနှင့် ထိုအမှုတော်လုပ်ငန်း အတွက် ဘုရားသခင်ထံများစွာ ဆုတောင်းခဲ့ကြ၏။ ဤအိမ်သို့လာ အသုံးဝင်မည့်လုပ်ငန်းများကို ရောက်သည့် အမျိုးသမီးငယ်များကို သင်ကြားပေး၏။ သို့မှသာ ဤအိမ်မှထွက်ခွာသွားသည့်အခါ အလွယ်တကူ အလုပ်အကိုင်ရှာဖွေတွေ့ရှိနိုင်မည်။ အများစုမှာ သူနာပြုများ၊ ရက်ကန်းယက်သူများ၊ ဥယျာဉ်ခြံမြေစိုက်ပျိုးသူ များ၊ ကျမ်းစာသင်ဆရာများနှင့် အိမ်ရှင်မများဖြစ်သွားကြ၏။ အမျိုး သမီးငယ်တစ်ဦးဦး အသက်တာသစ်ကို အစပြုရန် “မုကတီ” မှထွက်ခွာသွားတိုင်း၊ သူမနေရာအတွက် အစားဝင်ရောက်လာသူရှိစမြဲ ဖြစ်၏။ အိန္ဒိယပြည်အလယ်ပိုင်း၌ အစာငတ်မွတ်ခေါင်းပါးမှုဘေး အန္တရာယ်ကြီးကျရောက်ပြီး လူများစွာ သေဆုံးခဲ့ရ၏။ ရာမာဘိုင် ကိုယ်တိုင် အစာငတ်မွတ်ခေါင်းပါးမှုဒဏ် ခံစားခဲ့ရသော နေ့ရက် များကို ပြန်လည်သတိရပြီး ထို...

"မှန်တဲ့ယုံကြည်ခြင်းကမှန်တဲ့အသက်ရှင်ခြင်းကို အမြဲတွန်းပို့တယ်"

Image
  "မှန်တဲ့ယုံကြည်ခြင်းကမှန်တဲ့အသက်ရှင်ခြင်းကို အမြဲတွန်းပို့တယ်" မိတ်ဆွေ....ဘုရားသခင်ဆီက ကြီးမားတဲ့အရာတွေကို ယုံကြည်ဖို့ သင်ကြိုးစားနေချိန်မှာ၊သင့်ရဲ့ဆုတောင်းချက်တွေကို ဘုရားသခင်ကအဖြေပေးမယ်လို့ သင် ယုံကြည် စိတ်ချ နေချိန်မှာ သင့်ရဲ့အတွင်းစိတ်ထဲမှာ အပြစ် တင်စွပ်စွဲတဲ့အသံကို သင်ကြားရမှာ ဖြစ်တယ်။ *သင့်ကိုသင် ဘယ်သူဖြစ်တယ်လို့ထင်နေသလဲ* *ဒီမနက်သင့်ရဲ့ဇနီးသည်ကို ဒေါသနဲ့ အော်ဟစ်ကြိမ်းမောင်းခဲ့တာ သင်မေ့နေပြီလား* *ဒီနေ့ သင့်ရဲ့အလုပ်ဌာနမှာဘုရားသခင်ကသင့်ကို ဘယ်လိုလုပ်မျက်နှာသာပေးလို့ရမှာလဲ *သင်ဟာတချိန်လုံး ဒီလောက် စိတ် မထိန်းချုပ်နိုင်ဘဲရှိနေတာ သင့်အသက်တာထဲမှာ ကောင်းတဲ့အရာတွေဖြစ်လာဖို့ ဘယ်လိုလုပ် မျှော်လင့်လို့ရနိုင်မှာလဲ* *သင့်ကိုသင် ခရစ်ယာန်ပါလို့ ပြောရဲသေးတယ်ဟုတ်လား* *သင်ကျမ်းစာမဖတ်ဖြစ်တာဘယ်လောက်ကြာပြီလဲ * *ဘုရားသခင်အတွက် သင်ဘာတွေများလုပ်ဆောင်ပြီးပြီလဲ* *ဘယ်လိုလုပ်ပြီးဘုရားသခင်က သင့်ရဲ့ကလေးကိုကျန်းမာစေနိုင် မှာလဲ* ဒီလို စွပ်စွဲချက်တွေနဲ့ သင်ရင်းနှီးနေတယ် မဟုတ်လား။ အခု သင်ဒီစွပ်စွဲချက်တွေကို ဘယ်လိုတုံ့ပြန်သလဲဆိုတာက သင်ဘာကိုယုံကြည်သလဲဆိုတာကိုပေါ်လွင်...

“ဆုတောင်းခြင်း၏နေရာမှန်”

Image
  “ဆုတောင်းခြင်း၏နေရာမှန်” ဆုတောင်းခြင်းသည်ဤစကြဝဠာအတွင်း၌ဘုရားသခင် ပြီးလျှင် ဒုတိယတန်ခိုးအကြီးဆုံးအရာပင်ဖြစ်သည်။ဆုတောင်းခြင်းအမှုသည်အသင်းတော်နှင့်တစ်ဦးချင်းစီအသက်တာအတွက်အရေးပါဆုံးသောအရာဖြစ်သော်လည်းလျစ်လျှူရှု အခံရဆုံးအရာဖြစ်သည်။ဆုတောင်းခြင်းကို၎င်း၏နေရာမှန်၌ကျွန်ုပ်တို့မထားသရွေ့အသက်တာ (သို့) အမှုတော်၌ထိရောက်အောင်မြင် ပေါက်မြောက်နိုင် မည်မဟုတ်ပါ။ ဆုတောင်းခြင်း၏အရေးပါမှုကိုနားလည်သဘောပေါက်ရုံမျှမက ဆုတောင်းခြင်းကိုနေရာမှန်၌ထားခဲ့သူမြောက်များစွာကိုသမ္မာကျမ်း၌တွေ့ရှိရသည်။၎င်းတို့အနက်မှ ယေရှုခရစ်တော် ၏ အသက်တာ ကိုသင်ခန်းစာယူစရာနှင့်တည်ဆောက်စရာဖြစ်စေရန်အတွက်မျှဝေလိုက်ပါသည်။ ဗတ္တိဇံယောဟန်ထောင်သွင်းအကျဉ်းချခံရပြီးနောက်အရှင်ယေရှုသည်အမှုတော်မြတ်ကိုစတင် ထမ်းရွက်ခဲ့ သည်(မာ၁:၁၄-၁၅)။အရှင်ယေရှုအားအစေခံကျွန်တစ်ဦးအဖြစ်ဖော်ညွန်းထားသည့် ရှင်မာကုခရစ်ဝင်ကျမ်း၌အရှင် ယေရှု၏အစေခံကျွန်ပီသမှုကိုသူ၏မရပ်မနားအမှုတော်ဆောင် ခြင်းအားဖြင့်ပီပြင်စွာမြင်တွေ့ရ သည်။ တစ်ရက်သောဥပုသ်နေ့၌အရှင် ယေရှုသည်ကပေရနောင်မြို့သို့ဝင် ရောက်ကာထိုမြို့တရားစရပ်၌ ဆုံးမ ဩဝါဒပေးခြင်း၊နတ်ဆိုးနှင် ထုတ်ခြင်းအမှုမျ...

"ဘောင်ခတ်ကန့်သတ်သော ယုံကြည် ခြင်းမျိုးကို စွန့်ပစ်ပါ"

Image
  "ဘောင်ခတ်ကန့်သတ်သော ယုံကြည် ခြင်းမျိုးကို စွန့်ပစ်ပါ" "ဘုရားသခင်၏ လူတစ်ယောက် သည် ဣသရေလရင်ဘုရင်ထံသို့လာ၍ ထာဝရဘုရားမိန့်တော်မူသည်ကား၊ရှုရိလူတို့က ထာဝရဘုရားသည် တောင်ကိုသာ အစိုးရသော ဘုရားဖြစ်၏။လွင်ပြင်ကို အစိုးရသောဘုရားမဟုတ်ဟု ဆိုမိသောကြောင့်၊ထိုကြီးစွာသော အလုံးအရင်းအပေါင်းကိုသင့်လက်သို့ ပါအပ်မည်။ငါသည် ထာဝရဘုရားဖြစ် ကြောင်းကိုသင်တို့သိရကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။"(၃ရာ ၂၀:၂၈) ဣသရေလလူမျိုးများ၏ ရန်သူရှုရိလူတို့သည် ဘုရားရှင်၏ တတ်စွမ်း နိုင်မှုကို ဘောင်ခတ်၍ သတ်မှတ်ကြသည်ကို တွေ့ရသည်။ ဘုရားရှင်သည် တောင်ကိုသာအစိုးရသည်၊ လွင်ပြင် ကို အစိုးရသော ဘုရားမဟုတ် ဟု တွေးထင် ကြ၏။ ဘုရားရှင်သည် ခပ်သိမ်းသောအရာကို အစိုးရသော ထာဝရဘုရားဖြစ်တော်မူပါသည်။ကျွန်ုပ် တို့လည်း ဘုရားကို ရှုရိလူများ ကဲ့သို့ ဘောင်ခတ်သတ်မှတ်တတ်ကြပါ၏။ တောင်ကိုသာ အစိုးရပြီး၊လွင်ပြင်ကို အစိုးမရဟု ဘုရားရှင် ကိုဘောင်ခတ်ကာအထင်သေးပြောဆို ရှုံ့ချသောကြောင့် ဘုရားရှင် က ထိုရန်သူအင်အားတစ်သိန်းကို တနေ့ခြင်းတွင် သေဒဏ်စီရင် ခဲ့ပါသည်။ထိုကဲ့သို့ ဘုရားကို အထင်သေးလျက် ပြောဆိုခဲ့သောသူများသည် ကြီးစွ...

'အသစ်သော ဘ၀အသက်တာ'

Image
  'အသစ်သော ဘ၀အသက်တာ' 📖၁ကော၁၅:၄၈"မြေသားတို့သည် မြေသားကဲ့သို့ဖြစ်ကြ၏။ ကောင်းကင် သားတို့သည် ထိုကောင်းကင်သားကဲ့သို့ဖြစ်လိမ့်မည်" ကမ္ဘာဦးကျမ်း၌ ဘုရားသခင်သည် ပထမလူသားဖြစ်သည့် အာဒံကို မြေကြီးမှထုတ်ယူပုံသွင်းပြီး၊ သူ၏နှာခေါင်းအထဲသို့ ဇီ၀အသက်ကို မှုတ်တော်မူသည့် အခါ အာဒံသည် အသက်ရှင်သောသူ အဖြစ် သို့ ရောက်ရှိလာခဲ့ ကြောင်း နှုတ်ကပတ်တော် က ကျွန်ုပ်တို့ကို မိန့်ဆိုထားပါသည်။ သို့ရာတွင် ထိုအာဒံကို "မြေကြီးသား" အဖြစ်သာ သမ္မာကျမ်းစာကဖော်ပြထားပါသည်။ ထိုသို့ဖော်ပြရခြင်းမှာ သူသည် မြေမှုန့်မှလာသောသူဖြစ်ပြီး၊ သဘာ၀လူသားအသက်တာကိုသာ ရရှိပိုင်ဆိုင်ထားခဲ့သောကြောင့်ဖြစ်သည်၊-"ရှေးဦးစွာသောလူသည် မြေကြီးကဖြစ်သောကြောင့် မြေသားဖြစ်၏။..."၁ကော၁၅:၄၇ သို့ရာတွင် ကျွန်ုပ်သည် ဒုတိယနှင့် နောက်ဆုံးသောအာဒံဖြစ်သည့် သခင်ယေရှု ခရစ်တော်ထံသို့ ခေါ်သွင်းခံကြရမည်ဖြစ်ပေသည်၊-" ရှေးဦးစွာသောလူအာဒံသည် အသက်ရှင်သောသတ္တဝါဖြစ်၏ဟုလာသတည်း။ ယခုတွင် နောက်ဆုံးဖြစ်သော အာဒံမူကား၊ အသက်ရှင်စေတတ်သော ဝိညာဉ်ဖြစ်၏"📖၁ကော၁၅:၄၅။ ကျွန်ုပ်တို့သည့် ဒုတိယနှင့် နောက်ဆုံးဖြစ်သော အာဒံ၏သ င်္ကေတအမှတ်လက္ခဏ...

💥မှောင်မိုက်နိုင်ငံသား မှ အလင်း၏ နိုင်ငံတော်သား 💥

Image
  💥မှောင်မိုက်နိုင်ငံသား မှ အလင်း၏ နိုင်ငံတော်သား 💥 မှောင်မိုက်ထဲမှာရှိနေသော လူများတို့သည်ကြီးစွာသောအလင်းကိုမြင်ရ၍၊ သေမင်းနိုင်ငံအရိပ်တွင်ရှိနေသော သူတို့၌ အလင်းပေါ်ထွန်းလျက်ရှိသည်ဟုဟောထားသတည်း။ ထိုအခါမှစ၍ ယေရှုကနောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီဟူသော တရားကိုဟောစပြုတော်မူ၏။(မသဲ ၄:၁၆-၁၇) ယေရူဘုရားမကြွလာမည်တွင် လောကကြီးကို စာတန်အုပ်စိုးလျက်ရှိကာ မှောင်မိုက်နိုင်ငံ ဖြစ် နေသည်။လူအပေါင်းတို့သည်သေခြင်းတရားအောက်၌ ရောက်ရှိနေကာ မြော်လင့်ခြင်းမဲ့နေကြသည်။ ဗတ္တိဇံဆရာယောဟန်က ယေရူဘုရားမကြွလာခင်တွင် ရှေ့ဦးစွာနောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ ၊ထာဝရဘုရားကြွတော်မူရာလမ်းကိုပြင်ကြလော့ ၊လမ်းခရီးတော်ကိုဖြောင့်စေကြလော့ဟု ယုဒတောတွင်ဟောပြောခဲ့သည်။သခင်ယေရူသည်ဘုရားသခင်ဖြစ်ပြီး ကောင်းကင်နိုင်ငံတော်ကို မြေကြီးပေါ်တွင် တည်ထောင်ရန်ကြွလာခဲ့သည်။ ယုဒလူမျိုး တို့၏ မြော်လင့် ခြင်းဖြစ်သော မေရှိယဘုရင် ကြွလာခြင်းတည်းဟူသော်လည်း ဝိညာဉ်မျက်စီကန်းနေ၍ ယေရူဘုရားကြွလာသည်ကို သဘောမပေါက်ကြပါ။နိုင်ငံတော်၏ရှင်ဘုရင်ယေရူကို မမြင်တတ်၍ငြင်းပယ...

"Don't Foolish man"

Image
  "Don't Foolish man" Noted :: ကျမ်းစာ၌မိုက်မဲသောသူမဖြစ်ဖို့သတိပေး 💥ဘုရားမရှိဟုပြောသောသူ💥 📖ဆာလံ၁၄:၁ /၅၃:၁ "ဘုရားသခင်မရှိဟာမိုက်သောသူသည် ထင်တတ်၏။ ထိုသို့သောသူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ်ဘွယ်သော ဒုစရိုက်ကိုပြုတတ်ကြ၏။ကောင်းသောအမှုကိုပြုသောသူ တယောက်မျှမရှိ။" -မိမိကိုယ်ကိုအားကို၊မိမိတို့ရဲ့လုပ် ဆောင်ချက်ဖြင့်ဘုရားရဲ့သဘောကိုကန့်သတ်။ 📖ရောမ၁:၁၉-၂၃ 📖ဧဖက်၄:၁၈ ဖန်ဆင်းခံအရာတွေကို ကြည့်ပြီး ဖန် ဆင်းရှင်ကို သိနိုင်သော်လည်း မိမိကိုဖန်ဆင်းသောဘုရားကိုမကိုးကွယ်ဘဲ ဖန်ဆင်းခံအရာ နဲ့လူတွေဖန်တီးထားတဲ့အရာကိုကိုးကွယ်သောသူ/ ဝိညာဉ်ညာဏ်အလင်းကွယ်ပျောက် 💥ဘုရားကိုသိပြီးအရေးမကြီးတာကိုပြင်ဆင်သူ💥 📖 လုကား၁၂:၁၆-၂၁(ဖတ်ရန်) -ယခုကာလ၊သင်္ခါရအတွက်ပြင်ဆင်ပြီးထာဝရကာလအတွက်မပြင်ဆင်သူ။ အဓိကနဲ့ သာမည မသိသူ။ 💥ဘုရားစကားကိုကြားပြီးနားမထောင်သောသူ၊သိပြီးမှမလုပ်သောသူမိုက်မဲသောသူ💥 📖 မဿဲ ၇:၂၄-၂၇ သမ္မာတရားကိုသိသော်လည်း သမ္မာတရားနဲ့ အသက်မရှင်ဘဲ လောကသားများလို ကောင်းမကောင်း နဲ့အသက်ရှင်သူ Noted:: 📖သုတ္တံ၁:၇"ထာဝရဘုရားကိုကြောက်ရွံသောသဘောသည်ပညာ၏အချုပ်အခြာဖြစ်၏။ လူမိုက်တို့သည်ပညာနှင့် ...

🎼 ကောင်းပေသည် ဝိညာဉ်ဖို့🎼 🎶It is will with my soul🎶

Image
  🎼 ကောင်းပေသည် ဝိညာဉ်ဖို့🎼 🎶It is will with my soul🎶 ဘုရားသခင်၏ကျေးဇူးတော် ဟာ ဘယ်အခြေနေမျိုး မဆို လုံ လောက်နေပါတယ်(၂ကော ၁၂း၉) ဒါဟာမပြောင်းလဲနိုင်တဲ့ သမ္မာတ ရား၊ ထာဝရတည်တဲ့ သစ္စာတရားပါ။ ဒီသမ္မာတရားကို လေးနက်စွာ သဘောပေါက်ပြီး ဝိညာဉ်ပါရမီရင့်သန်တဲ့ လူတစ်ဦး အကြောင်းကို တင်ပြချင်ပါတယ်။ သူ့အသက် တာကို ဆင်ခြင်ခွန်အားယူပြီး၊ မိတ်ဆွေများ၏ အခက်အခဲ ပြဿနာကိုအောင်မြင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ အဲဒီပုဂ္ဂိုလ်ရဲ့နာမည်က ဟိုးရေးရှိုးစပက်ဖိုဒ် (Horatio G. Spafford )၁၈၂၈-၁၈၈၈ ဖြစ်ပါ တယ်။ It is will with my soul. ဆိုတဲ့ဓမ္မသီချင်းကို ရေးဆပ်သီကုံးခဲ့သူဖြစ်ပါတယ်။ ဓမ္မတေးစာသားတွေရဲ့ အဓိပ္ပါယ်နဲ့ စိတ်သဘောထားကို လေ့လာသုံး သပ်ကြည့်ရုံနဲ့ သူ့ဝိညာဉ် ပါရမီရင့် ကျက်မှုကို အကဲဖြတ်နိုင်ပါလိမ့်မယ်။ 🎶ဝမ်းနည်းခြင်းပင်လယ် လှိုင်းလိမ့် လို🎶 Horatio ဟာအမေရိကန် ချီကာဂိုမြို့ကအောင်မြင် ကျော်ကြားတဲ့ ရှေးနေတစ်ဦးဖြစ်ပြီး အဒီခေတ်တုန်းက ထင်ရှားကြီးကျယ်တဲ့ ဘုရားသခင်ရဲ့ အမှုတော်ဆောင်.... ဒီအယ်လ် မူးဒီ၊ အီရာစန်ကီ၊ ဖိလစ် ဘလစ် တို့နဲ့ ရင်းရင်းနှီးနှီး မိတ်သ ဟာရ ဖွဲ့သူလည်းဖြစ်တယ်။ ...

"ကျွန်ုပ်သည်ခရစ်တော်၌"

Image
  "ကျွန်ုပ်သည်ခရစ်တော်၌" ကုန်လွန်ခဲ့သော နေ့ရက်များစွာကို လက်ချိုးရေ နိုင်ပါတယ်.... ဒါပေမဲ့ ကိုယ်တော် ထံမှလာတဲ့ ကောင်းကြီးမင်္ဂလာကို ရေတွက်လို့မကုန်နိုင်ဘူး။ ကိုယ်တော်ရဲ့ ကယ်တင်ခြင်း နှင့်နေ့စဉ်အတူပါရှိခြင်းမရှိဘူးဆိုရင်ကျွန်တော်တို့ဟာ သေခြာတယ် ဦးတည်ရာမဲ့နေလိမ့်မယ် ယခုဘဝကော နောင်ဘဝကော ကျေးဇူးတင်တယ်....ကိုယ်တော်ရဲ့ 💥ကယ်တင်ခြင်း နှင့် အတူပါရှိ ခြင်း 💥ကိုယ်တော့်ကိုဘုရားစစ်ဘုရားမှန်အဖြစ်သိရပြီးကိုးကွယ်ရတဲ့အခွင့် 💥နှုတ်ကပါတ်တော်ကိုဖွင့်ပြပြီး အလိုတော်သိရှိရတဲ့အခွင့် 💥အလိုတော်ကိုသိပြီး အလိုတော်ဆောင်နိုင်အောင် ကိုယ်တော်ကသာနေ့စဉ် ကျွန်တော်တို့အထဲမှစေတနာတော်ဖြင့် ပြုပေးနေတဲ့ အခွင့်အရေး 💥ထိုအရာတွေသာမကဘဲ ဝိညာဉ် စိတ်ခန္ဓာ အတွက် ကောင်းကြီးအဖြာဖြာ နေ့စဉ်ခံစားရတဲ့အခွင့်အရေး 💥ဖော်ပြလို့မကုန်နိုင်တဲ့ ယခုဘဝနောင်ဘဝ နဲ့ဆိုင်တဲ့ အကြံအစည် တော်နဲ့ ဆုလဒ်အမွေ ကိုယ်တော်က ပိုင်ထိုက်စေတယ်လို့ သတ်မှတ်ပေးပြီး သားအရာမှာချီးမြှောက်တဲ့ အခွင့်အရေးဟာ လူ့အခွင့်အရေး (human Rights) ထက်ကျော်လွန်တဲ့ ဘုရားသားအခွင့်အရေး( Sons of GOD)ပေးပြီးချစ်တဲ့ဘုရားက သင့်ကို ခရစ်တော်အားဖြင့် - 📖ဧဖက်၁:၁၄ (အပြစ်လွှတ်...

💥မုန်တိုင်းအလွန်💥

Image
  💥မုန်တိုင်းအလွန်💥 📖၁ပေ ၅:၁၀"ခရစ်တော်အားဖြင့် ငါတို့ကို ထာဝရဘုန်းအသရေတော်သို့ ခေါ်တော်မူသော ခပ်သိမ်းသောကျေးဇူးကိုပြုတော်မူသောဘုရားသခင်သည် ခဏဆင်းရဲခံရပြီးသော သင်တို့ကိုစုံလင်တည် ကြည်ခိုင်ခံ့ မြဲမြံစေတော်မူလိမ်မည်။" ကျွန်တော်တို့အိမ်အနားမှာ မလေး ရှား ပိတောက်ပင်တစ်ပင်ရှိပါသည်။ နာဂစ်မုန်တိုင်း(၂၀၀၈)တိုက်ခတ် သော တစ်ညလုံးလုံး ခုခံ၍ ရပ် တည်နေပါသည်။သူခံသောကြောင့်ကျွန်တော်အိမ် နဲနဲသက်သာနေပါ သည်။ နောက်တစ်နေ့ နံနက်မှာလဲ လေမုန်တိုင်းက တဝုန်းဝုန်းတိုက် ခတ်ပါသည်။ သူကမပြိုမလဲတောင့်ခံနေ၍တော်ပါသေးသည်။ နံနက် ဆယ်နာရီကျော်လျှင် လေတိုက်နှုန်းလျော့ပါးလာ၍ လူတွေအပြင် ထွက်ကာ အပျက်အစီးများကို ဖယ်ရှားကြပါသည်။ မွန်းတည့်ချိန် မှာတော့လေမတိုက်တော့ပါ။နာဂစ် သည်ထွက်ခွာသွားပါ၏။ တစ်ည နှင့်တစ်နံနက်သူ ဖြိုလဲတိုက်ခတ်၍ မရသောမလေးရှားပိတောက်ပင်ကိုအရှုံးပေးသွားခဲ့ရသည်။ အတော်ကလေးကြာမှ.... မလေးရှားပိတောက်ပင်သည် တ ဖြည်းဖြည်းနှင့် အသာအယာပင် အိအိကလေး လဲကျလာပါသည်။ ရုပ်ရှင်ထဲက စလိုးမိုးရှင့်နဲ့လဲတာဆိုတော့ ဘယ်သူ့ကိုမှ မထိခိုက်ပေမယ့် တအံတသြဖြစ်သွားကြရပါသည်။ ဘယ့်နှယ့် တစ်ညလုံးတဝုန်းဝုန်း တိုက်တုန်းကတော့ ခံနိုင...

“မထိုက်တန်ဘူးလို့ခံစားရဆုံးအချိန်မှာကျေးဇူး တော်သက်ရောက်တယ်”

Image
  “မထိုက်တန်ဘူးလို့ခံစားရဆုံးအချိန်မှာကျေးဇူး တော်သက်ရောက်တယ်” ဘုရားသခင်ရဲ့ကျေးဇူးပြုခြင်းဟာဝယ်ယူလို့ပေးဆပ်လို့မရတဲ့၊မထိုက်မတန်ဘဲရရှိတဲ့မျက်နာသာဖြစ်တယ်။သင့်ကိုယ်သင်မထိုက် တန်ဘူးလို့ ခံစားရဆုံးအချိန်မှာ ဘုရားသခင်ကသင့် ကိုအဖြေပေးတယ်ဆိုရင် အဲ့တာဟာကျေးဇူးတော် ဖြစ်တယ်။အဲ့ဒါဟာအံ့ဖွယ် မျက်နာသာပေးခြင်းဖြစ်တယ်။သင့်ရဲ့အခြေအနေအောက်ဆုံးထိထိုးဆင်းတဲ့အချိန်၊အမှောင်မိုက်ဆုံး အချိန် မှာသူ့ရဲ့အလင်းဟာသင့်ရဲ့အသက်တာထဲကိုစီးဝင်လာတယ်။အဲဒီအခါသင်ဟာသူရဲ့မျက်နာသာပေးခြင်းကို လက်ခံရရှိသူ ဖြစ်လာတယ်။သင်လက်ခံရရှိတဲ့နောက် အခြားသူတွေဆီကိုမစီးဆင်းမဆန့်ထုတ်ဘဲ မနေနိုင် တော့ဘူး။ မိတ်ဆွေ၊သင်နဲ့ ကျွန်ုပ်ဟာ ပင်ကိုအရ ဘယ်သူ့မှမထိုက်တန်ကြပါဘူး။ဒါပေမဲ့ကျွန်ုပ်တို့ဟာခရစ်တော် ထဲ မှာရှိကြတဲ့ အတွက်သူ့ရဲ့ဖြောင့်မတ်ခြင်းကြောင့် ဘုရားသခင်က ကျွန်ုပ်တို့ကိုကောင်းကြီးပေးဖို့ ချုပ်တည်းမှာ မဟုတ်ဘူး။ကျွန်ုပ်တို့အပိုင်းကလုပ်ရမယ့်အရာက ကြိုးစားရုန်းကန်ခြင်းမဟုတ်ဘူး။ ခရစ်တော်၌ သင့်ရဲ့ဖြောင့်မတ် ခြင်းကိုပိုမြင်လေ ဘုရားသခင် ရဲ့မျက်နာသာပေးခြင်း ကို ပိုခံစားရလေ လို့ကျွန်ုပ်ယုံကြည်တယ်။သင့်ရဲ့ထိုက်တန်ခြင်း အပေါ်မှာအမှီပြ...
Image
  (ယေရမိ၂၉:၁၁) "တဖန်မိန့်တော်မူသည်ကား၊ငါသည်သင်တို့ကိုအကျိုးနည်းစေခြင်းငှါကြံစည်သောအကြံမဟုတ် ဘဲသင်တို့သည်မြော်လင့်သောအကျိုးကိုရမည်အကြောင်းငြိမ်ဝပ်စေခြင်းငှါသာသင်တို့အဘို့ကြံစည်သောအကြံတို့ကိုငါသိ၏။" လူတွေဆုတောင်းတဲ့အခါမှာမကြာခဏဆိုသလိုဘုရားကပြသာနာတွေကိုရပ်တန့်စေပေမယ့်အမြဲတမ်းတော့မဟုတ်ဘူး။ကျမ်းစာထဲကတမာန်တော် ရှင်ပေါလုလ မှာကြီးမားတဲ့ပြသာနာတစ်ခုရှိနေတယ်။အဲ့ဒါဟာခန္ဓာပိုင်းဆိုင်ရာနာကျင်တဲ့ပြသာနာတစ်ခုဖြစ်နိုင်တယ်။အဲ့ဒါကဘာပဲဖြစ်ဖြစ်ပေါလုကတော့အဲ့ဒါကိုဖယ်ရှားပစ်ချင်တယ်။ဒါကြောင့်သူဆုတောင်းတာပေါ့။တစ်ကြိမ်၊နှစ်ကြိမ်တောင်မဟုတ်ဘူး။သုံးကြိမ်တောင်ဆုတောင်းတယ်။အကြိမ်တိုင်းမှာပေါလုကအဲဒါကိုဖယ်ပေးဖို့ဘုရားသခင်ထံတောင်ခံတယ်။(၂ကော၊၁၂:၇-၈)။ ဘုရားသခင်ကပေါလုရဲ့ပေါလုရဲ့ဆုတောင်းချက်ကိုအဖြေပေးခဲ့ တယ်။ဒါပေမဲ့သင်ထင်သလိုပုံစံမျိုးတော့မဟုတ်ဘူး။ဘုရားသခင် ကပေါလုကို "ငါ့ကျေးဇူးသည်သင့်အဘို့လောက်ပေ၏။ငါ့တန်ခိုးသည်အားနည်းခြင်းအဖြစ်၌စုံလင်တက်သည်။……”လို့ပြောတယ်။(၂ကော၊၁၂:၉)။ တစ်ခါတလေမှာ ကျွန်တော်တို့ရဲ့ အားနည်းတဲ့အရာတွေမှာဘုရားသခင်ရဲ့ခွန်အားတန်ခိုးကိုဖော်ပြဖို့ဖြစ်တယ်။ပေါလုအတွက်ဘုရားသခင်ရဲ့အဖြေက"No-မရဘူး”ဆိုတာဖြ...

❤️ဘုရားသခင်ကသင့်တို့တစ်ဦးချင်းကိုအသေးစိတ်နက်နက်ရူင်းရှုင်းချစ်သည်❤️

Image
  ❤️ဘုရားသခင်ကသင့်တို့တစ်ဦးချင်းကိုအသေးစိတ်နက်နက်ရူင်းရှုင်းချစ်သည်❤️ ဒီနေ့ယုံကြည်သူများစွာဟာ မိမိတို့ဝန်ထုပ်တွေကို သခင်ဘုရားထံ ဘာကြောင့်မအပ်နှံကြသလဲဆိုတာ သင် သိပါရဲ့လား။အဲဒါ သူတို့ကိုဂရုစိုက်တဲ့သခင်နဲ့ပက်သက်ပြီး အလင်းဖွင့်ပြခြင်းမခံရသေးတဲ့အတွက်ဖြစ်တယ်။ သူရဲ့နှုတ်ကပတ်တော်က ဘယ်လိုပြောထားသလဲဆိုတာ ကြည့်ပါ။ 📖သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူတော်ကြောင့် သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့*(၁ပေ၊၅:၇)။ သင့်အတွက် ယေရှုက အကြွင်းမဲ့တာဝန်ယူတယ်ဆိုတာကို သင်အကြွင်းမဲ့စိတ်ချမှုမရှိသေးသရွေ့၊သင့်ရဲ့ဝန်ထုပ်ကို သူအပေါ်မှာ အပ်နှံမှာမဟုတ်ဘူး။ တစ်ချက်လောက်ပြန်စဉ်းစားကြည့်။ သင်အခက်အခဲ့ဖြစ်တဲ့အချိန်မှာ သင့်ရဲ့အကူအညီတောင်းခံမှုကိုအရေးလုပ်မှာ မဟုတ်ဘူးထင်ရတဲ့ သင်ရဲ့ဆွေမျိုးတွေဆီကိုသင်အကူအညီတောင်းခံဖူးသလား။ ယေရှုကတော့ သင့်ကိုဂရုစိုက်တယ်။ သူ့ကို ခေါ်တဲ့အခါတောင်းကင်တန်ခိုးအားလုံးနဲ့တကွ သင့်ဘက်မှာရပ်တည်ပေးဖို့ သူ့ရဲ့ အပြည့်အဝ အာရုံစိုက်ခြင်းကိုသင်ခံရတယ်ဆိုတာ သိမှတ်ပါ။ သင်က ဒီလိုစဉ်းစားကောင်းစဉ်းစားပါလိမ့်မယ်။ *ယေရှုဆီမှာ တခြားပိုအရေးကြီးတဲ့ လုပ်ဆောင်စရာတွေ...

"လွန်သွားနိုင်လျှင်လွန်သွားပါစေသော။ "

Image
  "လွန်သွားနိုင်လျှင်လွန်သွားပါစေသော။ " ဤခွက်သည်အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေ သော။ သို့သော်လည်း အကျွန်ုပ် အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့် ကိုယ်တော် အလိုရှိသည့်အတိုင်းဖြစ်ပါစေသော...ဟု ဆုတောင်းတော်မူ၏။(မဿဲ၂၆း၃၉) စင်စစ်ကျွန်ုပ်တို့ လူသားတွေချည်းပဲအသက်တာမုန်တိုင်းကို ရင်ဆိုင်ခဲ့ရတာ မဟုတ်ပါ။ ဘုရားသခင်၏ သားတော် စင်စစ်၊ ဧကန်ဖြစ်၍ လူ့ဇာတိခံခဲ့သော သခင်ယေရှုပင်လျှင်အင်မတန် ပြင်းထန်သော ကရာနီမုန်တိုင်းကို ရင်ဆိုင်ခဲ့ရပါ၏။ ပန်းချီကားကလေးတစ်ကားကို ကျွန်တော် တွေ့ခဲ့ဖူးပါသည်။ ဂေသရှေမန် ဉယျာဉ်တော်တွင် ကောင်းကင်တ မန်က သခင်ယေရှုအား နှစ်သိမ့်အားပေးနေသော ပန်းချီကား လေးပါ။ ထိုအခါ...ဘုရားစင်စစ် ဧ ကန်ဖြစ်ပါလျက်၊ အားငယ်စိတ်ပျက်ရသောကာလကိုလည်း လူ့ဇာတိဖြင့်ခဲယဉ်းစွာ ဖြတ်သန်းခဲ့ရသော ကယ်တင်ရှင်၏ နောက် ဆုံးအကျပ်အတည်းကာလကို နားလည်ခံစားမိပါသည်။ ကိုယ်တော်က...ငါသည် သေလောက်အောင် စိတ်နှလုံးအလျဉ်း၊ ညှိုးနွမ်းလျက်ရှိ၏....ဟု ညဉ်းတွားခဲ့ပါသည်။ အင်္ဂလိပ်ဘာသာ ဖြင့် "The sorrow in my heart is great that is almost crushes me" ဟုလာပါသည်။ တကယ် လည်း သခင်ယေရှုသည် ကျိုးပဲ့ကြေမွသောစိတ်နှလုံ...
Image
  ❤️ဘဝရဲ့အရှင် ဘဝရဲ့သခင်❤️ ရှုတ်ယှက်ခက်လွန်းတဲ့ ဘဝရဲ့အသက် ရှင်ခြင်းအကြောင်း တွေကို စဉ်းစားလိုက်တိုင်း.....🤔 စိုးရိမ် ကြောက်ရွံ့မိတယ် ဘဝရဲ့သခင်ရယ်....စားသောက်နေထိုင် ဝမ်း တစ် ထွာ အတွက် လူ လည်း နွမ်း လို့ နေ့ စဉ် ရက် စက် နေ ရောင် အောက် မှာ ပြေး ရင်း လွှား ရင်း ရှာ ရင်း ဖွေ ရင်း မလွယ်ဘဝ မနိုင်တာဝန် ထမ်းရွက်ရင်းက စိတ်ကြေ ကိုယ်ကြေ ဇ ရာ လည်း ထောင်း မခံနိုင်တဲ့ ဘဝအမောတွေ ရိုက်ခတ်လာကာ..🌊🌊 လှိုင်းလုံး များအောက် အ ကြိမ် ကြိမ် ကျွန်ုပ် ရောက် ခဲ့ ဖူး တယ် ဘဝရဲ့အရှင်ရယ်..... သို့ပေမဲ့လည်း ကျွန်ုပ်ရဲ့အထဲအတူရှိပြီး ငြိမ်သက်ခြင်းနဲ့ မပြတ်မေတ္တာ အသစ်ခွန်အား ပေးနေလို့သာ လောကကြီးထဲ လျှောက်လှမ်း နိုင်တာ......🚶‍♀️🚶 ယေရှုရှင်သာ ကျွန်ုပ်ရဲ့ဘဝ လက်တွဲတိုင်ပင် လိုနေချိန်တိုင်း ဖေးမပေးတဲ့ ❤️ဘဝရဲ့အရှင် ဘဝရဲ့သခင်❤️