စောင့်ကြည့်ပါ
စောင့်ကြည့်ပါ ---------------- ဖတ်ရန်။ ။ ဆာလံ ၁၂၁/ဆာလံ ၄၆ ထာဝရဘုရားသခင်ကို ကြောက်ရွံသောသူတို့နှင့် ကရုဏာတော်ကိုခိုလှုံသောသူတို့သည်၊- သေဘေးနှင့်ကင်းလွှတ်မည်အကြောင်း၊ အစာခေါင်းပါးသည်ကာလ၌ အသက်ရှင်မည်အကြောင်း၊ သူတို့ကိုကြည့်ရှု့လျက်ရှိတော်မူ၏။(ဆာလံံ ၃၃:၁၈-၁၉) နွေရာသီ၏မွန်းလွဲပိုင်းအချိန်တွင် ကျွန်မတို့မိသားစုသည် ပင်လယ် ကမ်းခြေ သွားကြသည်။ ကျွန်မတို့၏သမီးငယ်နှစ်ယောက်သည် သဲသောင်ပြင်နှင့် ပင်လယ်ထဲမှာ ပျော်ရွှင်ကြသည်။ အတော်ကြာ ကစားနေစဥ် လူများစွာသည် သူတို့၏ဘေးပတ်လည်၌ ထီးများမိုးထားကြသည်။ သူတို့ ကျွန်မတို့ထံပြန်လာဖို့ ဆုံးဖြတ်ချိန်မှာ သူတို့ ဘယ်နေရာရောက်ရောက်နေသည်ကို မသိတော့ပါ။ ကျွန်မတို့ကတော့ သူတို့ကိုကြည့်နေသည်။ သူတို့ကိုကြည့်ရတာ စိတ်ရှုပ်နေသလိုဖြစ်နေကြသည်။ တခဏအတွင်း အင်အားမဲ့နေသည်။ ထိုအခါ ခင်ပွန်း သည်မှ လျင်မြန်စွာ သူတို့ကိုခေါ်ဖို့သွားသည်။ သူတို့အတွက် အန္တရာယ်မရှိတော့သလို ကျွန်မတို့မှာလည်း မျက်စိအောက်မှ အပျောက်မခံတော့ပါ။ ဘုရားသခင်၏သားသမီးဖြစ်တဲ့ကျွန်တော်/ ကျွန်မတို့သည် လည်းမကြာခဏစိတ် ရှုပ်ပြီးပျောက်ဆုံးနေသလိုခံစားရသည်။ ရှုပ်ထွေးနေသောပင်လယ်ပြင်ထဲမှာ ဘုရားသည် အနီးအနားမှာရှိကြောင်း သိရလျှင် အလွန်ကောင်းပါသည်။ ဘုရားသခင်သည် ကျွန်မတို့၏ ခံစားချက်နှင့်ကြုံတွေ့ရသော ဒုက္ခများကို သိ သည်။ ကျွန်မတို့အား ကာကွယ် ပေးသူ ကျွန်မတို့ကိုချစ်မြတ်နိုးပြီး စောင့်ရှောက်ပေးနေပါသည်။ ကျွန်တော်တို့သာမမြင်နိုင်ပေမဲ့ အနီးနားမှာ သတိနဲ့ စောင့်ကြည့် စောင့်ရှောက်ပေးနေပါသည်။ ဆုတောင်းချက်။ ။ အဖ ဘုရားသခင်၊ ကိုယ်တော်၏စောင့်ရှောက်မှုနှင့်ကြင်နာမှုမရှိလျှင် ကျွန်တော်/ကျွန်မတို့သည် ဒီကမ္ဘာလောကကြီးထဲမှာ လမ်းပျောက်ဆုံး သွားနိုင်သဖြင့် စောင့်ကြည့်ပေးမူပါ။ ....အာမင် Credit: Mabel M. de Varas (Africa, Chile) ⏰GOD is good all the time⏰

Comments
Post a Comment