Posts

ဘုရားသခင်၏နုတ်ကပါတ်တော်

 ဘုရားသခင်၏ နှုတ်ကပတ်တော် က သခင်ယေရှုနှင့်အတူ မည်သို့လျှောက်လှမ်းရမည်ကိုပြရန်  ရိုးရှင်းသောစည်းမျဉ်းတစ်ခုပေးထားပါသည်။ ထိုစည်းမျဉ်းသည် ကျွန်ုပ်တို့တစ်သက်တာလုံးနှင့် သက်ဆိုင်ပေသည်။ ထိုစည်းမျဉ်းက အပြစ်၀င်လာသည့်အချိန်ကို ကျွန်ုပ်တို့အားအစဉ်ပြပေမည်။ ထိုစည်းမျဉ်းကို(ကောလောသဲ ၃:၁၅) တွင် တွေ့ရပေမည်။ သင်တို့နှလုံးအထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်းအုပ်စိုးစေ။ ခရစ်တော်ပေးသော ငြိမ်သက်ခြင်းကို ပျက်သုဉ်း စေသောအရာဟူသမျှသည် အပြစ်ဖြစ်သည်။ ထိုအရာသည် သေးငယ်သောအရာဖြစ်ပေမည်။ ပထမတွင် အပြစ်ဟူ၍ပင် မထင်ရလောက်အောင် ဖြစ်ပေမည်။  ခရစ်တော်ပေးသောငြိမ်သက်ခြင်းသည် ကျွန်ုပ်တို့၏ တရားသူကြီးဖြစ်ပေမည်။ ထိုတရားသူကြီးသည် ဘောလုံးကစားပွဲမှ ဒိုင်လူကြီးနှင့်တူပေသည်။ ဘောလုံးသမား‌ တစ်ယောက်သည်။ ကစားပွဲ၏စည်းမျဉ်းကို ဖောက်ဖျက်သည်ကို မြင်‌သောအခါ ဒိုင်လူကြီးက ခရာမှုတ်ပေတော့သည်။ ကစားပွဲလည်းရပ်ဆိုင်းရတော့သည်။  သူခွင့်မပြုမချင်း ပွဲစပြန်၍မရနိုင် တော့ပေ။ ကျွန်ုပ်တို့၏ ငြိမ်သက် ခြင်းပျောက်ဆုံးသွားပါက ကျွန်ုပ် တို့နှလုံးသားထဲတွင် ခရစ်တော် ထည့်ထားသောဒိုင်လူကြီးက သူ၏ခရာကို မှုတ်လိုက်ခြင်းဖြစ်ကြောင်းကို ဆိုလိုသည်။ ကျွန်ုပ် တို့ချ...

ခရစ်တော်၏သယ်ပိုးသူ

Image
  ခရစ်တော်၏သယ်ပိုးသူ --------------------------- ဖတ်ရန် ။ ၁ပေ ၂:၉-၁၂။ ကျွန်မတို့၏မိသားစုမျိုးရိုးဗီဇကိုလေ့လာနေစဥ် ကျွန်မ၏သွေးဝေးသော တစ်ဝမ်းကွဲတစ်ယောက်ကို တွေ့ရှိလိုက်သည်မှာ ကျွန်မတို့၏ အမေဖက်မှ အချို့သောဆွေမျိုးများသည် ဂျာမနီနိုင်ငံ အရှေ့ဘက်မှ ဖြစ်သည်။ (၁၇၀၀) ခုနှစ်အတောအတွင်း ရှေးဘိုးဘေးများသည် ဂျာမနီနိုင်ငံမှပြေးလာပြီး အမေရိကန်တွင် လွတ်မြောက်မှုကို ကြိုးပမ်းခဲ့ကြသည်။ သူတို့၏ဂျာမနီနာမည် "Christophel" အဓိပ္ပာယ်သည် ခရစ်တော်အတွက် သယ်ပိုးသူဟုဆိုလိုသည်။ သူ၏စာများအနက် တစ်စောင်ထဲမှာ "ကျွန်ုပ်တို့သည် ခရစ်ယာန်ဘာသာအမွေအနှစ် ကြွယ်ဝသောသူများ" ဟုရေးထားသည်။ ဤသည်မှာ မထူးဆန်းပါ" (ဟေဗြဲ ၁၂:၁) ဖော်ပြသည်မှာ ကျွန်ုပ်တို့ယုံကြည်သူ အားလုံးသည် ကြွယ်ဝသောအမွေအနှစ်များ ရရှိပြီးဖြစ်သည်။ ကျွန်မတို့ တစ်ယောက်စီသည် သူ့နေရာနှင့်သူ ခရစ်တော်အတွက် သယ်ပိုးသူများဖြစ်ပါသည်။ ပိုပြီးထင်ရှားစေနိုင်ခြင်းဖြင့် ကျွန်မတို့သည် သခင်ခရစ်တော်ကို ကျွန်မတို့စကားလုံးများ သဘောထားများ လုပ်ဆောင်ချက်များအားဖြင့် ခရစ်တော်၏သတင်းကို ကမ္ဘာတစ်ဝှမ်းလုံးဆီသို့ ရောင်ပြန် ဟပ်စေခြင်းဖြင့် ဖော်ပြပေးသည်။ ကျွန်မတို့ဝေင...

"တောင်းပန်မှု"

Image
  "တောင်းပန်မှု" ဖတ်ရန် ။ဧဖက် ၄:၂၉-၃၂။ ညစ်ညူးသောစကားတခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။(ဧဖက် ၄:၂၉) မစဉ်းစား မဆင်ခြင်ဘဲ ကျွန် တော်သည် စာရေးမလေးတစ် ယောက်ကိုခက်ထန်စွာပြောဆိုမိသည်။သူမသည် ဘာအမှားတစ်ခုမှမလုပ်ပါ။သူမသည်ဒေါသကိုထွက် စေသော ဆက်ဆံရေးမပြေပြစ် သောသူမဟုတ်ပါ။ စတိုး ဆိုင် အပြင်ဘက်ရောက်သောအခါကျွန် တော်သည် ဆိုးဆိုးဝါးဝါးပြုမိ လိုက် သည် ကိုနားလည်လိုက်သည်။ ကျွန်တော်လည်း တချိန်ကထိုသို့ ဆက်ဆံခြင်းခံခဲ့ ရဘူးသည်ကို သတိရသည်။တချို့ဈေး ဝယ် သူများသည် စာရေးများကို နှိမ့်ကျသည်ဟု ယူဆသည်။ အမှန် တော့ သူတို့မှာလည်း ခံစားတတ် သော နှလုံးသား ရှိပါသည်။ အခုလည်းကျွန်တော်မစာမနာ ပြောမိလိုက်ပါသည်။ ကျွန်တော်ရှက်မိသည်။တစ်ယောက်ယောက်ကို အမှားပြုမိလိုက်ပြီလို့ သိရှိလာရသည်။ တခဏနောက်ပိုင်းမှာ ကျွန် တော်သည် အထဲဝင်ပြီး ဝန်ချတောင်းပန်သည်။စာရေးမလေး၏ မျက်နှာသည် ပြောင်းလဲသွားပြီး အံ့ဩစွာနှင့်ပြုံးကာ ပြန်လာတောင်းပန်သည့်အတွက် ကျေးဇူးတင် ပါသည်ဟုပြောပါသည်။ခရစ်တော်သည် လူအားလုံးကိုချစ် သည်ဆိုတာ ကျမ်းချက်ထဲမှာ ပြောပါသည်။ကျွန်တော်သည် တစ်စုံတစ်ယောက်ကိုအမှားပြုလုပ် မိသည်။ထို့အတူသန့်ရှင်းသောဝိညာဉ်တော...

ကျီစယ်ခြင်းလောက်ပဲဖြစ်သည်

Image
  ကျီစယ်ခြင်းလောက်ပဲဖြစ်သည် ------------------------------ ဖတ်ရန် ။ ဂလာတိ ၆:၇-၁၀။ အချင်းချင်း တစ်ယောက်နှင့်တစ် ယောက် ကိုယ့်အပြစ်ကို ဖော်ပြတောင်းပန်ကြလော့။ 📖ယာကုပ်၅:၁၆ လွန်ခဲ့သော နှစ်များစွာက ကျွန် တော်သည်အခြားမြို့၌ ဘေ့(စ်) ဘော ပွဲကြည့်ရန် သွားခဲ့သည်။ ပွဲပြီးသောအခါ ကျွန်တော်၏ ကားသည် ရေအိုင်ကိုဖြတ်ပြီး လူတစ်စုကိုရေစင်သွားအောင် မောင်းလိုက် သည်။ဤသို့လုပ်ခြင်းသည်နောက် ပြောင်ခြင်းသက် သက်သာဟု ထင်မိသည်။ထိုအချိန် အမျိုးသမီးတစ်ယောက်ကကျွန်မ၏အင်္ကျီသစ်လို့အော်သံကြားရသည်။အခြားသူ များသည်လည်းစိတ်ဆိုမာန်ဆိုး ဖြစ်နေကြသည်။ ကျွန် တော်သည် သူတို့ဆီက အမြန်ဆုံး မောင်းထွက်လာရသည်။ ကျွန် တော် ကျီစယ်လိုက် မိသည့်အတွက် မပျော်ပါ။ ကျွန်တော်အပြစ်ရှိနေသည်ဟုခံစားရသည်။ထိုအပြစ် နှင့်တခြားသောအပြစ်အတွက် ဘုရားသခင်ခွင့်လွှတ်သော်လည်း အဲ့ဒီအဖြစ်အပျက် ကို ပြန်စဥ်းစားမိသည့်အခါ နောင် တရမိသည်။ အကယ်၍ထိုလူများကိုတယ်လီဖုန်း နဲ့ဝန်ချ တောင်းပန် နိုင်မည်(သို့မဟုတ်)ခွင့်လွှတ်ရန် တောင်းဆိုမည်။ ထို့အတူ အဝတ်အစား အတွက် တန်ဖိုးပြန် ပေးဆပ်နိုင်မည်ဆိုလျှင် ကောင်းမည်။ သို့သော် ထိုသို့လုပ်ဖို့ရန် သူတို့ကိုမသိပါ။ မြင်တောင် မမြင်ဖူးပ...

ဉာဏ်ပညာနှင့်ပြည့်စုံသော လွှမ်းမိုးမှု

Image
  ဉာဏ်ပညာနှင့်ပြည့်စုံသော လွှမ်းမိုးမှု ------------------------------- ဖတ်ရန်။ ။ မာကု ၁၀:၁၃–၁၆။ ငါအမှန်ဆိုသည်ကား အကြင်သူသည် ဘုရားသခင်၏ နိုင်ငံ ကို သူငယ်ကဲ့သို့မခံမယူရ။ထိုသူသည် နိုင်ငံတော်သို့ မဝင်ရ။ 📖မာကု၁၀:၁၅ မကြာသေးမှီက ကျွန်တော်သည် အသိဉာဏ်ရှိသောလွှမ်းမိုးမှုဖြစ် သည့် သီအိုရီတစ်ခုကို ဖွံ့ဖြိုးတိုးတက်စေသည်။ ခရစ်ယာန်များ၏ အသက်တာအတွက်ဘုရားသခင် အလိုတော်အတိုင်း အသက်ရှင်နေထိုင်နိုင်ဖို့ရန်နှင့်ကျွန်တော်တို့သည် ဘယ်လိုလွှမ်းမိုးခြင်းခံရသလဲ။ ထို့အတူ တစ်ပါးသူကို ဘယ်လိုလွှမ်းမိုးရမလဲဆိုတာကို အသိဉာဏ်ရှိစွာဖြင့် စီစဥ်နိုင်ရ သည်ကိုဆိုလိုပါသည်။ မကြာသေးခင်က ညနေစာတစ် ခုမှာ ကျွန်တော်၏ (၂၁)လအရွယ် သမီးသည်သူ၏အရည်းအ​သွေးကိုဖော်ပြလိုက်သည်။ ကျွန်တော်တို့ အစာစားဖို့ထိုင်လိုက် တဲ့အခါမှာ သမီးသည် ကျွန်တော် လက်ကိုဖမ်းဆုပ်ပြီး ခေါင်းလေးငုံ့လိုက်သည်။ ကျွန်တော် နှင့် ဇနီးသည် ကျွန်တော်တို့အစာမစားမှီ အမြဲဆုတောင်းနေသည်ကို သမီးလေးစောင့်ကြည့်ပြီး အဲ့ဒီအတိုင်း လုပ်ဆောင် သည်ကို အံ့သြမိကြသည်။ ဤ ရိုးရှင်းသောလုပ်ရပ်သည် ကျွန်တော်တို့အားလုံးမှာရှိသော စိတ်ဓာတ်နှင့်အရေးကြီးမှု နားလည်နိုင်ရန် ...

စောင့်ကြည့်ပါ

Image
  စောင့်ကြည့်ပါ ---------------- ဖတ်ရန်။ ။ ဆာလံ ၁၂၁/ဆာလံ ၄၆ ထာဝရဘုရားသခင်ကို ကြောက်ရွံသောသူတို့နှင့် ကရုဏာတော်ကိုခိုလှုံသောသူတို့သည်၊- သေဘေးနှင့်ကင်းလွှတ်မည်အကြောင်း၊ အစာခေါင်းပါးသည်ကာလ၌ အသက်ရှင်မည်အကြောင်း၊ သူတို့ကိုကြည့်ရှု့လျက်ရှိတော်မူ၏။(ဆာလံံ ၃၃:၁၈-၁၉) နွေရာသီ၏မွန်းလွဲပိုင်းအချိန်တွင် ကျွန်မတို့မိသားစုသည် ပင်လယ် ကမ်းခြေ သွားကြသည်။ ကျွန်မတို့၏သမီးငယ်နှစ်ယောက်သည် သဲသောင်ပြင်နှင့် ပင်လယ်ထဲမှာ ပျော်ရွှင်ကြသည်။ အတော်ကြာ ကစားနေစဥ် လူများစွာသည် သူတို့၏ဘေးပတ်လည်၌ ထီးများမိုးထားကြသည်။ သူတို့ ကျွန်မတို့ထံပြန်လာဖို့ ဆုံးဖြတ်ချိန်မှာ သူတို့ ဘယ်နေရာရောက်ရောက်နေသည်ကို မသိတော့ပါ။ ကျွန်မတို့ကတော့ သူတို့ကိုကြည့်နေသည်။ သူတို့ကိုကြည့်ရတာ စိတ်ရှုပ်နေသလိုဖြစ်နေကြသည်။ တခဏအတွင်း အင်အားမဲ့နေသည်။ ထိုအခါ ခင်ပွန်း သည်မှ လျင်မြန်စွာ သူတို့ကိုခေါ်ဖို့သွားသည်။ သူတို့အတွက် အန္တရာယ်မရှိတော့သလို ကျွန်မတို့မှာလည်း မျက်စိအောက်မှ အပျောက်မခံတော့ပါ။ ဘုရားသခင်၏သားသမီးဖြစ်တဲ့ကျွန်တော်/ ကျွန်မတို့သည် လည်းမကြာခဏစိတ် ရှုပ်ပြီးပျောက်ဆုံးနေသလိုခံစားရသည်။ ရှုပ်ထွေးနေသောပင်လယ်ပြင်ထဲမှာ ဘုရားသည် အနီ...

သခင်ဘုရားနှင့်ပတ်သက်၍ စိတ်လှုပ်ရှား တက်ကြွပါ'

Image
  သခင်ဘုရားနှင့်ပတ်သက်၍ စိတ်လှုပ်ရှား တက်ကြွပါ' "ယေရှုက၊ မာသ၊ မာသ သင်သည် များစွာသောအမှုတို့၌ စိုးရိမ်၍ နှောက်ယှက်ခြင်းကိုခံရ၏။ လိုသောအရာတစ်ခုတည်းရှိ၏။ မာရိမူကားကောင်းသောအဘို့ကို ရွေးယူပြီ။ ထိုအဘို့ကို အဘယ်သူမျှ မနှုတ်မယူရာ ဟုမိန့်တော်မူ၏"(ရှင်လုကာခရစ်၀င်ကျမ်း ၁၀:၄၁-၁၂) ရှင်လုကာခရစ်၀င်ကျမ်း အခန်းကြီး (၁၀)တွင် တစ်ခု‌သောနေ့တစ်နေ့၌ သခင်ယေရှုသည် မာရိနှင့်မာသတို့အိမ်သို့ လည်ပတ် တော်မူခဲ့ကြောင်း သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို မိန်ဆိုထားပါသည်။ မာရိသည်ကိုယ်တော်၏ စကားတော်များကို ကြားနာခံယူအံ့သောငှာကြီးစွာသောစိတ်တက်ကြွလှုပ်ရှားခြင်းနှင့် သခင်ဘုရား၏ ခြေတော်ရင်း၌ ထိုင်နေစဉ်အချိန် တွင် သူမ၏ အစ်မကြီး ဖြစ်သူ မာသသည် သခင်ယေရှုသုံးဆောင် နိုင်ရန်အတွက် အစားအစာပြုလုပ် ရင်း မီးဖိုချောင်အတွင်း၌ အလုပ်ရှုပ်လျက်ရှိနေခဲ့ပါသည်။သူမ၏ညီမငယ်ဖြစ်သူသည် မိမိအားလာရောက်ကူညီခြင်း မရှိသည်ကို စိတ်ပျက်မိသည့်အတွက် မာသသည် ဘုရားသခင်ထံသို့ တိုင်ကြားသည့်အနေဖြင့်၊ -"...သခင်၊ ကျွန်မ၏ညီမသည် ကျွန်မတစ်ယောက်တည်း လုပ်ကျွေးစေခြင်းငှာ ကျွန်မကိုပစ် ထားသည့်အရာကို လျစ်လျူသောစိတ် ရှိတော်မူသလော။ သူသည် ကျွန်မကိုကူညီမ...