ဘုရားသခင်၏နုတ်ကပါတ်တော်
ဘုရားသခင်၏ နှုတ်ကပတ်တော် က သခင်ယေရှုနှင့်အတူ မည်သို့လျှောက်လှမ်းရမည်ကိုပြရန်
ရိုးရှင်းသောစည်းမျဉ်းတစ်ခုပေးထားပါသည်။ ထိုစည်းမျဉ်းသည် ကျွန်ုပ်တို့တစ်သက်တာလုံးနှင့် သက်ဆိုင်ပေသည်။ ထိုစည်းမျဉ်းက အပြစ်၀င်လာသည့်အချိန်ကို ကျွန်ုပ်တို့အားအစဉ်ပြပေမည်။ ထိုစည်းမျဉ်းကို(ကောလောသဲ ၃:၁၅) တွင် တွေ့ရပေမည်။ သင်တို့နှလုံးအထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်းအုပ်စိုးစေ။ ခရစ်တော်ပေးသော ငြိမ်သက်ခြင်းကို ပျက်သုဉ်း စေသောအရာဟူသမျှသည် အပြစ်ဖြစ်သည်။ ထိုအရာသည် သေးငယ်သောအရာဖြစ်ပေမည်။ ပထမတွင် အပြစ်ဟူ၍ပင် မထင်ရလောက်အောင် ဖြစ်ပေမည်။
ခရစ်တော်ပေးသောငြိမ်သက်ခြင်းသည် ကျွန်ုပ်တို့၏ တရားသူကြီးဖြစ်ပေမည်။ ထိုတရားသူကြီးသည် ဘောလုံးကစားပွဲမှ ဒိုင်လူကြီးနှင့်တူပေသည်။ ဘောလုံးသမား တစ်ယောက်သည်။ ကစားပွဲ၏စည်းမျဉ်းကို ဖောက်ဖျက်သည်ကို မြင်သောအခါ ဒိုင်လူကြီးက ခရာမှုတ်ပေတော့သည်။ ကစားပွဲလည်းရပ်ဆိုင်းရတော့သည်။
သူခွင့်မပြုမချင်း ပွဲစပြန်၍မရနိုင် တော့ပေ။ ကျွန်ုပ်တို့၏ ငြိမ်သက် ခြင်းပျောက်ဆုံးသွားပါက ကျွန်ုပ် တို့နှလုံးသားထဲတွင် ခရစ်တော်
ထည့်ထားသောဒိုင်လူကြီးက သူ၏ခရာကို မှုတ်လိုက်ခြင်းဖြစ်ကြောင်းကို ဆိုလိုသည်။ ကျွန်ုပ် တို့ချင်ချင်းရပ်တန့်ပြီး ဘာမှားသွသည်ကို ဘုရားသခင်းအားမေးရမည်။ ထိုအခါကိုယ်တော်သည် ကျွန်ုပ်တို့အထဲသို့၀င်လာသောအပြစ်ကို ဖော်ပြပေမည်။ ထိုအခါကျွန်ုပ်တို့နှလုံးသားထဲတွင် ငြိမ်သက်ခြင်းကို တဖန်ပြန်လည်ခံစားရပေမည်။ ကျွန်ုပ်တို့ခွက်ဖလားများ ပြည့်လျှံလျက် ရှေ့ခရီးဆက်လျှောက်နိုင်ပေမည်။
ဆက်ရန်-
Credit: Roy Hession
⏰GOD is good all the time⏰
Comments
Post a Comment