ခရစ်တော်၏သယ်ပိုးသူ
ခရစ်တော်၏သယ်ပိုးသူ
--------------------------- ဖတ်ရန် ။ ၁ပေ ၂:၉-၁၂။ ကျွန်မတို့၏မိသားစုမျိုးရိုးဗီဇကိုလေ့လာနေစဥ် ကျွန်မ၏သွေးဝေးသော တစ်ဝမ်းကွဲတစ်ယောက်ကို တွေ့ရှိလိုက်သည်မှာ ကျွန်မတို့၏ အမေဖက်မှ အချို့သောဆွေမျိုးများသည် ဂျာမနီနိုင်ငံ အရှေ့ဘက်မှ ဖြစ်သည်။ (၁၇၀၀) ခုနှစ်အတောအတွင်း ရှေးဘိုးဘေးများသည် ဂျာမနီနိုင်ငံမှပြေးလာပြီး အမေရိကန်တွင် လွတ်မြောက်မှုကို ကြိုးပမ်းခဲ့ကြသည်။ သူတို့၏ဂျာမနီနာမည် "Christophel" အဓိပ္ပာယ်သည် ခရစ်တော်အတွက် သယ်ပိုးသူဟုဆိုလိုသည်။ သူ၏စာများအနက် တစ်စောင်ထဲမှာ "ကျွန်ုပ်တို့သည် ခရစ်ယာန်ဘာသာအမွေအနှစ် ကြွယ်ဝသောသူများ" ဟုရေးထားသည်။ ဤသည်မှာ မထူးဆန်းပါ" (ဟေဗြဲ ၁၂:၁) ဖော်ပြသည်မှာ ကျွန်ုပ်တို့ယုံကြည်သူ အားလုံးသည် ကြွယ်ဝသောအမွေအနှစ်များ ရရှိပြီးဖြစ်သည်။ ကျွန်မတို့ တစ်ယောက်စီသည် သူ့နေရာနှင့်သူ ခရစ်တော်အတွက် သယ်ပိုးသူများဖြစ်ပါသည်။ ပိုပြီးထင်ရှားစေနိုင်ခြင်းဖြင့် ကျွန်မတို့သည် သခင်ခရစ်တော်ကို ကျွန်မတို့စကားလုံးများ သဘောထားများ လုပ်ဆောင်ချက်များအားဖြင့် ခရစ်တော်၏သတင်းကို ကမ္ဘာတစ်ဝှမ်းလုံးဆီသို့ ရောင်ပြန် ဟပ်စေခြင်းဖြင့် ဖော်ပြပေးသည်။ ကျွန်မတို့ဝေငှခြင်းသည် အနီးဆုံးမိတ်ဆွေများဆီသို့သော်လည်းကောင်း၊ နိုင်ငံရပ်ခြားမှာ ရှိသော လူများဆီသို့ ဖြစ်ကောင်းဖြစ်မည်။ ကျွန်မတို့အားလုံးသည် သခင်ယေရှုနာမတော်ကို ပတ်ဝန်းကျင်နှင့်အိမ်နီးချင်းဆီများသို့သယ်ဆောင်နိုင် သည်။ ဆုတောင်းချက်။ ။ ဘုရားသခင်၊ ကျွန်မတို့၏ရှေ့သို့ အမှန်တရားကိုယုံကြည်အားကိုးသူများအား ပို့ဆောင်ပေးသဖြင့် ကျေးဇူးတင်ရှိပါသည်။ ကျွန်မတို့မှတဆင့် ရောင်ပြန်ဟပ်စေသော ချစ်ခြင်းမေတ္တာကိုနားလည်စေရန်နှင့်သူတို့ကိုပြောပြနိုင်စေရန် မစသနားတော်မူပါ။ အာမင်။ Credit:Paula Geister (Michigan) ⏰GOD is good all the time⏰
Comments
Post a Comment