ကျီစယ်ခြင်းလောက်ပဲဖြစ်သည်


 

ကျီစယ်ခြင်းလောက်ပဲဖြစ်သည် ------------------------------ ဖတ်ရန် ။ ဂလာတိ ၆:၇-၁၀။ အချင်းချင်း တစ်ယောက်နှင့်တစ် ယောက် ကိုယ့်အပြစ်ကို ဖော်ပြတောင်းပန်ကြလော့။ 📖ယာကုပ်၅:၁၆ လွန်ခဲ့သော နှစ်များစွာက ကျွန် တော်သည်အခြားမြို့၌ ဘေ့(စ်) ဘော ပွဲကြည့်ရန် သွားခဲ့သည်။ ပွဲပြီးသောအခါ ကျွန်တော်၏ ကားသည် ရေအိုင်ကိုဖြတ်ပြီး လူတစ်စုကိုရေစင်သွားအောင် မောင်းလိုက် သည်။ဤသို့လုပ်ခြင်းသည်နောက် ပြောင်ခြင်းသက် သက်သာဟု ထင်မိသည်။ထိုအချိန် အမျိုးသမီးတစ်ယောက်ကကျွန်မ၏အင်္ကျီသစ်လို့အော်သံကြားရသည်။အခြားသူ များသည်လည်းစိတ်ဆိုမာန်ဆိုး ဖြစ်နေကြသည်။ ကျွန် တော်သည် သူတို့ဆီက အမြန်ဆုံး မောင်းထွက်လာရသည်။ ကျွန် တော် ကျီစယ်လိုက် မိသည့်အတွက် မပျော်ပါ။ ကျွန်တော်အပြစ်ရှိနေသည်ဟုခံစားရသည်။ထိုအပြစ် နှင့်တခြားသောအပြစ်အတွက် ဘုရားသခင်ခွင့်လွှတ်သော်လည်း အဲ့ဒီအဖြစ်အပျက် ကို ပြန်စဥ်းစားမိသည့်အခါ နောင် တရမိသည်။ အကယ်၍ထိုလူများကိုတယ်လီဖုန်း နဲ့ဝန်ချ တောင်းပန် နိုင်မည်(သို့မဟုတ်)ခွင့်လွှတ်ရန် တောင်းဆိုမည်။ ထို့အတူ အဝတ်အစား အတွက် တန်ဖိုးပြန် ပေးဆပ်နိုင်မည်ဆိုလျှင် ကောင်းမည်။ သို့သော် ထိုသို့လုပ်ဖို့ရန် သူတို့ကိုမသိပါ။ မြင်တောင် မမြင်ဖူးပါ။ သို့သော် ကျွန်တော်တစ်ခုပဲလုပ် နိုင်တာက ကျွန်တော်သည် ခရစ်တော် နှင့်တူသောအသက်တာလျှောက်လှမ်းနိုင်မည့်လက္ခဏာအတိုင်းအသက်နှင့်နိုင်အောင်ကြိုးပမ်း ရမည်။ တခြားသူအပေါ် စဥ်းစားဆင်ခြင်ပြီး သူတပါးအား ဒဏ်ရာမပေးနိုင်အောင် ပြန်ပြုပြင်ရမည်။ တစုံတယောက် ကျွန် တော်ကို ပြစ်မှားမည်(သို့မဟုတ်) အဆင်မပြေအောင်လုပ်မည်ဆိုလျှင် ဘုရားသခင်သည် ကျွန်တော်ကို အမြဲခွင့်လွှတ်သည်ကို အမြဲသတိရနိုင်မည်။ ဆုတောင်းချက်။ ။ ခရစ်တော်ဘုရား ကျွန်တော်တို့ကို ချစ်သည့်အတိုင်း သူတပါးကို ချစ်နိုင်အောင် မစတော်မှုပါ။အာမင်။ Credit: Robby Lucke (Florida) ⏰ GOD is good all the time⏰

Comments

Popular posts from this blog

'အသစ်သော ဘ၀အသက်တာ'

💥သင်ထ လော့ လင်းလော့💥

❤️ဘုရားသခင်ကသင့်တို့တစ်ဦးချင်းကိုအသေးစိတ်နက်နက်ရူင်းရှုင်းချစ်သည်❤️