ဉာဏ်ပညာနှင့်ပြည့်စုံသော လွှမ်းမိုးမှု


 ဉာဏ်ပညာနှင့်ပြည့်စုံသော

လွှမ်းမိုးမှု ------------------------------- ဖတ်ရန်။ ။ မာကု ၁၀:၁၃–၁၆။ ငါအမှန်ဆိုသည်ကား အကြင်သူသည် ဘုရားသခင်၏ နိုင်ငံ ကို သူငယ်ကဲ့သို့မခံမယူရ။ထိုသူသည် နိုင်ငံတော်သို့ မဝင်ရ။ 📖မာကု၁၀:၁၅ မကြာသေးမှီက ကျွန်တော်သည် အသိဉာဏ်ရှိသောလွှမ်းမိုးမှုဖြစ် သည့် သီအိုရီတစ်ခုကို ဖွံ့ဖြိုးတိုးတက်စေသည်။ ခရစ်ယာန်များ၏ အသက်တာအတွက်ဘုရားသခင် အလိုတော်အတိုင်း အသက်ရှင်နေထိုင်နိုင်ဖို့ရန်နှင့်ကျွန်တော်တို့သည် ဘယ်လိုလွှမ်းမိုးခြင်းခံရသလဲ။ ထို့အတူ တစ်ပါးသူကို ဘယ်လိုလွှမ်းမိုးရမလဲဆိုတာကို အသိဉာဏ်ရှိစွာဖြင့် စီစဥ်နိုင်ရ သည်ကိုဆိုလိုပါသည်။ မကြာသေးခင်က ညနေစာတစ် ခုမှာ ကျွန်တော်၏ (၂၁)လအရွယ် သမီးသည်သူ၏အရည်းအ​သွေးကိုဖော်ပြလိုက်သည်။ ကျွန်တော်တို့ အစာစားဖို့ထိုင်လိုက် တဲ့အခါမှာ သမီးသည် ကျွန်တော် လက်ကိုဖမ်းဆုပ်ပြီး ခေါင်းလေးငုံ့လိုက်သည်။ ကျွန်တော် နှင့် ဇနီးသည် ကျွန်တော်တို့အစာမစားမှီ အမြဲဆုတောင်းနေသည်ကို သမီးလေးစောင့်ကြည့်ပြီး အဲ့ဒီအတိုင်း လုပ်ဆောင် သည်ကို အံ့သြမိကြသည်။ ဤ ရိုးရှင်းသောလုပ်ရပ်သည် ကျွန်တော်တို့အားလုံးမှာရှိသော စိတ်ဓာတ်နှင့်အရေးကြီးမှု နားလည်နိုင်ရန် ဤကလေးငယ်မှတဆင့် သိစေသည်။ ထိုထက်မကခရစ်ယာန်တစ်ယောက် အနေဖြင့် ကျွန်တော်တို့သည် ကျွန်တော်တို့ ၏ ဆုတောင်းခြင်းများနှင့်အခြားသောလိုအပ်ချက်များအပေါ်ဘုရားသခင် သည် ကျွန်တော်တို့ကို စောင့်ရှောက်ရန် ခွင့်ပြုပေးဖို့တောင်းဆိုရမည်။ ကျွန် တော်တို့ အချိန်နှင့်အမျှ ဘုရားသခင် အလိုတော်အတိုင်း လုပ်ဆောင်နိုင်ဖို့ အခြားသူများ ၏ အသက်တာကို လွှမ်းမိုးနိုင်သော ခရစ်ယာန်အစစ်အမှန်တစ်ယောက် အနေဖြင့် ကျွန်တော်တို့ကြိုးပမ်းပြီး ရှင်းလင်းဖော်ပြနိုင်ပါသည်။ ဆုတောင်းချက်။ ။ ဘုရားသခင် ကိုယ်တော်၏နိုင်ငံတော်အတွက် ကိုယ်တော်ကို လက်ခံနိုင်ရန် မစသနားတော်မူပါ။ ကလေးတစ် ယောက်ကဲ့သို့ ကိုယ်တော်အပေါ် အာရုံစူးစိုက်ပြီး တစ်ပါးသူအားလည်း ကိုယ်တော်ကို ဝတ်ပြုကိုးကွယ်နိုင်ရန် ကူညီပေးပါ။ အာမင်။ Credit: Dale G. Caldwell (New Jersey) ⏰GOD is good all the time⏰

Comments

Popular posts from this blog

'အသစ်သော ဘ၀အသက်တာ'

💥သင်ထ လော့ လင်းလော့💥

❤️ဘုရားသခင်ကသင့်တို့တစ်ဦးချင်းကိုအသေးစိတ်နက်နက်ရူင်းရှုင်းချစ်သည်❤️