သခင်ဘုရားနှင့်ပတ်သက်၍ စိတ်လှုပ်ရှား တက်ကြွပါ'


 သခင်ဘုရားနှင့်ပတ်သက်၍ စိတ်လှုပ်ရှား တက်ကြွပါ'

"ယေရှုက၊ မာသ၊ မာသ သင်သည် များစွာသောအမှုတို့၌ စိုးရိမ်၍ နှောက်ယှက်ခြင်းကိုခံရ၏။ လိုသောအရာတစ်ခုတည်းရှိ၏။ မာရိမူကားကောင်းသောအဘို့ကို ရွေးယူပြီ။ ထိုအဘို့ကို အဘယ်သူမျှ မနှုတ်မယူရာ ဟုမိန့်တော်မူ၏"(ရှင်လုကာခရစ်၀င်ကျမ်း ၁၀:၄၁-၁၂) ရှင်လုကာခရစ်၀င်ကျမ်း အခန်းကြီး (၁၀)တွင် တစ်ခု‌သောနေ့တစ်နေ့၌ သခင်ယေရှုသည် မာရိနှင့်မာသတို့အိမ်သို့ လည်ပတ် တော်မူခဲ့ကြောင်း သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို မိန်ဆိုထားပါသည်။ မာရိသည်ကိုယ်တော်၏ စကားတော်များကို ကြားနာခံယူအံ့သောငှာကြီးစွာသောစိတ်တက်ကြွလှုပ်ရှားခြင်းနှင့် သခင်ဘုရား၏ ခြေတော်ရင်း၌ ထိုင်နေစဉ်အချိန် တွင် သူမ၏ အစ်မကြီး ဖြစ်သူ မာသသည် သခင်ယေရှုသုံးဆောင် နိုင်ရန်အတွက် အစားအစာပြုလုပ် ရင်း မီးဖိုချောင်အတွင်း၌ အလုပ်ရှုပ်လျက်ရှိနေခဲ့ပါသည်။သူမ၏ညီမငယ်ဖြစ်သူသည် မိမိအားလာရောက်ကူညီခြင်း မရှိသည်ကို စိတ်ပျက်မိသည့်အတွက် မာသသည် ဘုရားသခင်ထံသို့ တိုင်ကြားသည့်အနေဖြင့်၊ -"...သခင်၊ ကျွန်မ၏ညီမသည် ကျွန်မတစ်ယောက်တည်း လုပ်ကျွေးစေခြင်းငှာ ကျွန်မကိုပစ် ထားသည့်အရာကို လျစ်လျူသောစိတ် ရှိတော်မူသလော။ သူသည် ကျွန်မကိုကူညီမည်အကြောင်း အမိန်တော်ရှိပါ' ဟုလျှောက်တင်ခဲ့ပါသည်(ရှင်လုကာခရစ်၀င်ကျမ်း ၁၀:၄၀)။ သခင်ယေရှုသည် သွယ်ဝှိက်မနေတော့ဘဲ၊ မာသအားပြစ်တင် ပြောဆိုခဲ့ပြီး၊ သာလွန်သောလမ်းကြောင်းကိုရွေချယ်ခဲ့ခြင်းအတွက် မာရိကို ချီးကျူးတော်မူခဲ့ပါသည်။မာရိသည် ဘုရားသခင်နှင့် ကိုယ် တော်၏စကားတော်ထံတို့၌ နှစ်ခြိုက်ပျော်မွေ့ခြင်းကိုသာ ရွေးချယ်ခဲ့ပြီး၊ ထိုအရာက ကိုယ်တော် ၏ စိတ်နှင့် တွေ့စေခဲ့ပါသည်။ 📖ဆာလံ ၃၇:၄တွင်၊-"ထာ၀ရဘုရား၌ မွေ့လျော်ခြင်းရှိလော့။သို့ပြုလျှင် စိတ်နှလုံးအလို ပြည့်စုံရသောအခွင့်ကို‌ ပေးတော်မူမည်" ဟု မိန့်ဆိုထားပါသည်။ သခင်ဘုရားထံ၌ သင်မည်သို့ မွေ့လျော်ခြင်းပြုနိုင်ပါမည်နည်း။ ကိုယ်တော် နှင့်ပတ်သက်၍စိတ်လှုက်ရှားတက် ကြွခြင်းအားဖြင့် ဖြစ်ပေသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်နှင့် ပတ်သက်၍ စိတ်လှုပ်ရှားတက် ကြွခြင်း၊ ကိုယ်တော့်ထံမှ လေ့လာသင်ယူအံ့သောငှာ၊ ကိုယ်တော်နှင့်မိတ်သဟာယဖွဲ့အံ့သောငှာ အခွင့် အရေးကိုရှာဖွေခြင်းအား ဖြစ်ပေသည်။ သခင်ဘုရားနှင့်ပတ်သက်၍ မကြာခဏဆိုသလို ဤသို့ စိတ်အားကြီးတက်ကြွတတ်သောသူများသည် ၎င်တို့၏အသက်တာများ၌သဘာ၀လွန်အကြောင်းချင်း ရာများ ဖြစ်ပျက်ကြုံတွေ့လာသည် ကို အစဉ်ခံစားရလေ့ရှိပါသည်။ သူတို့သည် အောင်မြင်မှုများ၊ သာလွန်ထူးခြားမှုများနှင့် ရာထူးတိုးတက်ခြင်းများအတွက် သက်သေခံစရာများကို အစီစဉ်ရရှိပိုင်ဆိုင်လေ့ရှိကြပါသည်။ကျွန်ုပ် တို့ ဖတ်ရှုထားခဲ့သည့် ကျမ်းစကား၏ စာကြောင်းတည်ဆောက်ပုံအကြောင်းကို ထပ်မံမှတ်သားပါ။ ယင်းက၊-"ထာ၀ရဘုရားသည် မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင် ...ပေးတော်မူမည်" ဟု မိန့်ဆိုထားပါသည်။ တစ်နည်းအားဖြင့် ဆုတောင်းပဌနာပြုနေရန်မလိုဘဲ၊ သင်လိုလားတောင့်တသည့်ကောင်း မြတ်သောအမှုတို့ကို သင့်အတွက် အလိုအလျောက် အဆင်သင့် ပြင်ဆင်ပေးလာမည်ဖြစ်သည် ဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်သည် ကိုယ်တော့်ထံ၌ မွေ့လျော်မှုရှိနေသောကြောင့်ပင်ဖြစ် သည်။ သင်ကိုယ်တိုင်အတွက် မည်သည့်အရာကိုမျှ တောင်းလျှောက်လာရမည်မဟုတ်တော့ပေ။ သင်သည် ကိုယ်တော့်ထံ၌ မတောင်းလျှောက်မီကပင် ကိုယ်တော်က ထိုအရာကိုပြင်ဆင် ပေးထားမည်ဖြစ်သည်။ အလွန်အံချီးဖွယ် မဟုတ်ပေဘူးလား? သို့ဖြစ်၍ ကိုယ်တော့်အတွက် သင်၏ ဆက်ကပ်လုပ်ဆောင်မှုနှင့် ကိုယ် တော်နှင့်အတူ မိတ်သဟာယဖွဲ့ခြင်းတို့၌ အစဉ်လှုပ်ရှားတက်ကြွခြင်း၊ စိတ်အားကြီးခြင်း ရှိပါ။ ထပ်၍လေ့လာရန်- 📖ဟေရှာယ၅၈:၁၄ 📖 ယောဘ ၂၃:၁၂ ⏰GOD is good all the time⏰

Comments

Popular posts from this blog

'အသစ်သော ဘ၀အသက်တာ'

💥သင်ထ လော့ လင်းလော့💥

❤️ဘုရားသခင်ကသင့်တို့တစ်ဦးချင်းကိုအသေးစိတ်နက်နက်ရူင်းရှုင်းချစ်သည်❤️