"တောင်းပန်မှု"


 

"တောင်းပန်မှု" ဖတ်ရန် ။ဧဖက် ၄:၂၉-၃၂။ ညစ်ညူးသောစကားတခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။(ဧဖက် ၄:၂၉) မစဉ်းစား မဆင်ခြင်ဘဲ ကျွန် တော်သည် စာရေးမလေးတစ် ယောက်ကိုခက်ထန်စွာပြောဆိုမိသည်။သူမသည် ဘာအမှားတစ်ခုမှမလုပ်ပါ။သူမသည်ဒေါသကိုထွက် စေသော ဆက်ဆံရေးမပြေပြစ် သောသူမဟုတ်ပါ။ စတိုး ဆိုင် အပြင်ဘက်ရောက်သောအခါကျွန် တော်သည် ဆိုးဆိုးဝါးဝါးပြုမိ လိုက် သည် ကိုနားလည်လိုက်သည်။ ကျွန်တော်လည်း တချိန်ကထိုသို့ ဆက်ဆံခြင်းခံခဲ့ ရဘူးသည်ကို သတိရသည်။တချို့ဈေး ဝယ် သူများသည် စာရေးများကို နှိမ့်ကျသည်ဟု ယူဆသည်။ အမှန် တော့ သူတို့မှာလည်း ခံစားတတ် သော နှလုံးသား ရှိပါသည်။ အခုလည်းကျွန်တော်မစာမနာ ပြောမိလိုက်ပါသည်။ ကျွန်တော်ရှက်မိသည်။တစ်ယောက်ယောက်ကို အမှားပြုမိလိုက်ပြီလို့ သိရှိလာရသည်။ တခဏနောက်ပိုင်းမှာ ကျွန် တော်သည် အထဲဝင်ပြီး ဝန်ချတောင်းပန်သည်။စာရေးမလေး၏ မျက်နှာသည် ပြောင်းလဲသွားပြီး အံ့ဩစွာနှင့်ပြုံးကာ ပြန်လာတောင်းပန်သည့်အတွက် ကျေးဇူးတင် ပါသည်ဟုပြောပါသည်။ခရစ်တော်သည် လူအားလုံးကိုချစ် သည်ဆိုတာ ကျမ်းချက်ထဲမှာ ပြောပါသည်။ကျွန်တော်သည် တစ်စုံတစ်ယောက်ကိုအမှားပြုလုပ် မိသည်။ထို့အတူသန့်ရှင်းသောဝိညာဉ်တော်သည် အမှားပြုလုပ်နေသည်ဟုသွန်သင်သည်။တချို့လုပ် ဆောင်ချက်များသည်နောင်တရသင့်သည်။လမ်း၌ ကျွန်တော်သည် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းမိသည်။ ဘုရားသခင်သည်ကျွန်တော်၏ အမှားပြုပြင်ဖို့ အသိပေးသည်။အရောင်းစာရေးမလေးသည် ဘုရားသခင်၏ သားသမီးသာ ဖြစ်သည်။သူမကို မရိုမသေဆက်ဆံခြင်းသည် မှားပါသည်။ကျွန်တော်သည် တခြားသူများနှင့်ဆက်ဆံသည့်အခါ တင့်တယ်မှုရှိအောင် ဤအမှု့အရာအားဖြင့် ဘုရား စကားပြောပြသခြင်းပင်ဖြစ်ပါသည်။ ဆုတောင်းချက် ။ အဖဘုရား၊ ကျွန် တော်တို့၏ပတ်ဝန်းကျင်တွင်ရှိသောသူများအပေါ် နေ့စဉ်တန်ဖိုးရှိရှိ ဆက်ဆံနိုင်အောင် မစတော်မှုပါ။အာမင်။ Credit : Gale A. Richards( Iowa) ⏰GOD is good all the time⏰

Comments

Popular posts from this blog

'အသစ်သော ဘ၀အသက်တာ'

💥သင်ထ လော့ လင်းလော့💥

❤️ဘုရားသခင်ကသင့်တို့တစ်ဦးချင်းကိုအသေးစိတ်နက်နက်ရူင်းရှုင်းချစ်သည်❤️