Warriors for christ
မုကတီ (Mukti) ရာမာဘိုင်၏ လုပ်ငန်းသည် ပြန့်နှံ့ခဲ့ပြီး ရှာရဒ - ဆာဒန်သို့ လာရောက်သည့် အမျိုးသမီးအားလုံးအတွက် အခန်းမရှိခဲ့ချေ။ ထို့ကြောင့် ပူးနား (Poona) အရပ်အနီးရှိ ခက်ဂျုန် (Khedgaon) အရပ်၌ မြေကွက်ဝယ်ပြီး ရှာရဒ - ဆာဒန်နှင့် ခပ်ဆင်ဆင်တူ သော အိမ်တလုံးတည်ဆောက်ခဲ့၏။ ထိုအိမ်ကို မုကတီ “ကယ်တင်ခြင်း” ဟု မှည့်ခေါ်ခဲ့သည်။ “မုကတီ” တည်ထောင်ခြင်းနှင့် ထိုအမှုတော်လုပ်ငန်း အတွက် ဘုရားသခင်ထံများစွာ ဆုတောင်းခဲ့ကြ၏။ ဤအိမ်သို့လာ အသုံးဝင်မည့်လုပ်ငန်းများကို ရောက်သည့် အမျိုးသမီးငယ်များကို သင်ကြားပေး၏။ သို့မှသာ ဤအိမ်မှထွက်ခွာသွားသည့်အခါ အလွယ်တကူ အလုပ်အကိုင်ရှာဖွေတွေ့ရှိနိုင်မည်။ အများစုမှာ သူနာပြုများ၊ ရက်ကန်းယက်သူများ၊ ဥယျာဉ်ခြံမြေစိုက်ပျိုးသူ များ၊ ကျမ်းစာသင်ဆရာများနှင့် အိမ်ရှင်မများဖြစ်သွားကြ၏။ အမျိုး သမီးငယ်တစ်ဦးဦး အသက်တာသစ်ကို အစပြုရန် “မုကတီ” မှထွက်ခွာသွားတိုင်း၊ သူမနေရာအတွက် အစားဝင်ရောက်လာသူရှိစမြဲ ဖြစ်၏။ အိန္ဒိယပြည်အလယ်ပိုင်း၌ အစာငတ်မွတ်ခေါင်းပါးမှုဘေး အန္တရာယ်ကြီးကျရောက်ပြီး လူများစွာ သေဆုံးခဲ့ရ၏။ ရာမာဘိုင် ကိုယ်တိုင် အစာငတ်မွတ်ခေါင်းပါးမှုဒဏ် ခံစားခဲ့ရသော နေ့ရက် များကို ပြန်လည်သတိရပြီး ထိုဒုက္ခသည်များအား ကူညီမစရန် တစ်စုံတစ်ရာပြုလုပ်ဖို့ဆန္ဒရှိခဲ့၏။ အကူအညီ လိုအပ်နေသည့် အမျိုး သမီးဦးရေမှာ (၃ဝဝ)ရှိ၏။ သို့ရာတွင် သူမဘာ လုပ်နိုင်မည်နည်း။ မူကတီ၌ လူပြည့်လျှံနေပြီးသားဖြစ်၏။ လိုအပ်ချက်များကို သူမရေး သားပြီး စတင်ဆုတောင်းခဲ့၏။ မကြာမီ သူမ၏ စာကိုဖတ်ပြီးခရစ် ယာန်များကစတင်ကူညီပေးခဲ့၏။ ထို အမျိုးသမီးများကိုကူညီရန် လုံလောက်သောငွေကြေးရှိခဲ့၏။ ကောင်းစွာပြုခဲ့ပြီ ရာမာဘိုင်သည် ခရစ်တော်အတွက် အမြဲတမ်းမအားမလပ် လုပ်ဆောင်ခဲ့သူဖြစ်၏။ သူမသည်မကြာခဏ ခရီးလှည့်လည်ပြီး သွန်သင်ခြင်း၊ ဟောပြောခြင်းပြုခဲ့၏။ မာရာတီ (Marathi) ဘာသာ ပြန်စကားဖြင့်သီချင်းများ၊ ဓမ္မတေးများကိုပင် သူမရေးစပ်ခဲ့၏။ နှိမ့် ချစွာ အစပြုခဲ့ရာမှ ခိုကိုးရာမဲ့အိမ် (၂) အိမ်တွင် နေထိုင်သူများပြား လာခဲ့သောကြောင့် “မုကတီ” တစ်အိမ်တည်းတွင်ပင် အမျိုးသမီးငယ်များနှင့် အမျိုးသမီးကြီးများ (၂၀၀၁) နီးပါးရှိခဲ့၏။ ရာမာဘိုင်ကို ကူညီထောက်ပင့်မည့်လက်ထောက် ဆရာ/ဆရာမ များ တစ်ရာ ကျော်ခန့်ရှိခဲ့၏။ နောက်ဆုံး (၁၉၂၂) ခုနှစ်တွင် ပန်ဒီတာ ရာမာဘိုင် သည် သခင်ဘုရား၏ “ကောင်းစွာပြုခဲ့ပြီ” ဟူသော အသံတော်ကိုကြားကာ ထာဝရဆုလာဒ်သရဖူယူရန် သွားခဲ့ပေသည်။ သို့ရာတွင် သူမ၏ အမှုတော်လုပ်ငန်းမှာ ဆက်လက်တည်တံ့ခိုင်မြဲခဲ့၏။ ယနေ့တိုင် “မူကတီ” သာသနာပြုလုပ်ငန်းသည် အိုးအိမ်မဲ့သူများနှင့် အပယ်ခံ လူတန်းစားများအတွက် ကယ်ဆယ်ရေးစခန်းတစ်နေရာအဖြစ် ဆက်လက်တည်ရှိကာ ရာပေါင်းများစွာသောသူတို့သည် ကျေနပ် အားရမှုရှိသော အသုံးဝင်သောအသက်တာကို ထိုနေရာ၌ တွေ့ကြ သည်။ ကိုယ်တော်တစ်ဖန် ပြန်ကြွလာတော်မူသော အချိန်၌ ခရစ်တော်ကိုယုံကြည်သူတို့သည် ရှင်ပြန်ထမြောက်ကြမည်ရာမာ ဘိုင်က မိမိအသက်တာကို ပေးလှူအနစ်နာခံကာ လုပ်ဆောင်ခဲ့ သောကြောင့် ဝမ်းမြောက်ပျော်ရွှင်မှုရခဲ့သည်။ အမျိုး သမီးများနှင့် ခလေးသူငယ်များလည်း ရှင်ပြန်ထမြောက်လာကြသော သူမအား “မင်္ဂလာရှိသောသူ” ဟုခေါ်ကြပေမည်။ ရာမာဘိုင်၏ အောင်မြင်မှု နှင့်သူမ၏ အမှုတော်လုပ်ငန်း က လူများစွာကို အံ့ဩစေခဲ့၏။ ဤကဲ့သို့ဘယ်လိုဖြစ်နိုင်ခဲ့ပါသနည်း။ မိမိလူတို့က အပယ်ခံ ဇာတ်နိမ့်လူတန်းစား တစ်ဦးအဖြစ် ပြုမူ ဆက်ဆံခံရပြီး အားအင်ချည့်နဲ့နေသော“ဘရာမင်” အမျိုးမုဆိုးမ တစ်ဦးက ဘုရားသခင်နှင့် လူ့ဘောင်အသိုင်းအဝိုင်းအတွက် ဤမျှ ဆောက်လုပ်နိုင်ခြင်းမှာ အဘယ်သို့လုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ် သနည်း။ လျှို့ဝှက်ချက်မှာ သူမ၏အသက်တာကို ခရစ်တော်ဘုရား လက်ထဲသို့ လုံးဝဆက်ကပ် အပ်နှံလိုက်သောအခါ ကိုယ်တော်က အသုံးပြုတော်မူခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ ကိုယ်တော်၏ခွန်အားဖြင့် စွမ်းနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ရာမာဘိုင်က “ကျွန်ုပ်အတွက် ဘုရားသခင်လုပ်ဆောင်ပေး သမျှကို သင့်အတွက်လည်း ကိုယ်တော်လုပ်ပေးတော်မူနိုင်ပါတယ်" ဟုပြောလေ့ရှိသည်။ “အသက်တာဟာတစ်ခုတည်းပါ၊ မကြာမီပျောက်ကွယ်မှာ” “ခရစ်တော်အတွက် လုပ်ဆောင်တဲ့အရာသာတည်မြဲဧကန်ပါ.. Credit : Servants of the cross ⏰ GOD is good all the time⏰

Comments
Post a Comment