"ကျွန်ုပ်သည်ခရစ်တော်၌"

 


"ကျွန်ုပ်သည်ခရစ်တော်၌" ကုန်လွန်ခဲ့သော နေ့ရက်များစွာကို လက်ချိုးရေ နိုင်ပါတယ်.... ဒါပေမဲ့ ကိုယ်တော် ထံမှလာတဲ့ ကောင်းကြီးမင်္ဂလာကို ရေတွက်လို့မကုန်နိုင်ဘူး။ ကိုယ်တော်ရဲ့ ကယ်တင်ခြင်း နှင့်နေ့စဉ်အတူပါရှိခြင်းမရှိဘူးဆိုရင်ကျွန်တော်တို့ဟာ သေခြာတယ် ဦးတည်ရာမဲ့နေလိမ့်မယ် ယခုဘဝကော နောင်ဘဝကော ကျေးဇူးတင်တယ်....ကိုယ်တော်ရဲ့ 💥ကယ်တင်ခြင်း နှင့် အတူပါရှိ ခြင်း 💥ကိုယ်တော့်ကိုဘုရားစစ်ဘုရားမှန်အဖြစ်သိရပြီးကိုးကွယ်ရတဲ့အခွင့် 💥နှုတ်ကပါတ်တော်ကိုဖွင့်ပြပြီး အလိုတော်သိရှိရတဲ့အခွင့် 💥အလိုတော်ကိုသိပြီး အလိုတော်ဆောင်နိုင်အောင် ကိုယ်တော်ကသာနေ့စဉ် ကျွန်တော်တို့အထဲမှစေတနာတော်ဖြင့် ပြုပေးနေတဲ့ အခွင့်အရေး 💥ထိုအရာတွေသာမကဘဲ ဝိညာဉ် စိတ်ခန္ဓာ အတွက် ကောင်းကြီးအဖြာဖြာ နေ့စဉ်ခံစားရတဲ့အခွင့်အရေး 💥ဖော်ပြလို့မကုန်နိုင်တဲ့ ယခုဘဝနောင်ဘဝ နဲ့ဆိုင်တဲ့ အကြံအစည် တော်နဲ့ ဆုလဒ်အမွေ ကိုယ်တော်က ပိုင်ထိုက်စေတယ်လို့ သတ်မှတ်ပေးပြီး သားအရာမှာချီးမြှောက်တဲ့ အခွင့်အရေးဟာ လူ့အခွင့်အရေး (human Rights) ထက်ကျော်လွန်တဲ့ ဘုရားသားအခွင့်အရေး( Sons of GOD)ပေးပြီးချစ်တဲ့ဘုရားက သင့်ကို ခရစ်တော်အားဖြင့် - 📖ဧဖက်၁:၁၄ (အပြစ်လွှတ်ခြင်းတည်းဟူသောရွေးနှုတ်ခြင်း) 📖ဧဖက်၂:၁၃-၁၉/ဧဖက်၃:၁၂(ခမည်းတော်ထံအဆီးအတားမရှိတိုးဝင်ခွင့်ရ) 📖ကောလောသဲ ၂:၁၀(စုံလင်သောသူ) 📖ဧဖက် ၁:၃-၄/ ဧဖက် ၅:၂၆-၂၇(သန့်ရှင်းသူ) 📖၂ကော ၅:၂၁/ ရောမ၈:၃၃(ဖြောင့်မတ်သောသူ) 📖ယော၁:၁၂(ဘုရားသား) 📖၁ကော၃:၁၆/၁ကော၆:၁၉-၂၀/၂ကော၆:၁၆ ( ဘုရားကျိန်းဝပ်ရာဘုရားသခင်၏ဗိမာန်) 📖၁ပေ၂:၉-၁၀(မင်းစည်းစိမ်ရှိသော ယဇ်ပရောဟိတ်) 📖၂ကော ၅:၁၈-၂၀/တမန်၁:၈ (ခရစ်တော်၏သံတမန်/သက်သေ) 📖ဧဖက်၂:၁၀/၂ကော၅:၁၇(ကောင်းသောအကျင့်ကိုကျင့်သော လူသစ်) 📖ဧဖက် ၂:၆/ယော ၁၄:၁-၃(ကောင်းကင်ဘုံ၌နေကျပြီးသောသူ) 📖ဧဖက်၁:၁၁(အမွေခံ) ❤️GOD is good all the time❤️

Comments

Popular posts from this blog

'အသစ်သော ဘ၀အသက်တာ'

💥သင်ထ လော့ လင်းလော့💥

❤️ဘုရားသခင်ကသင့်တို့တစ်ဦးချင်းကိုအသေးစိတ်နက်နက်ရူင်းရှုင်းချစ်သည်❤️