“မထိုက်တန်ဘူးလို့ခံစားရဆုံးအချိန်မှာကျေးဇူး တော်သက်ရောက်တယ်”
“မထိုက်တန်ဘူးလို့ခံစားရဆုံးအချိန်မှာကျေးဇူး တော်သက်ရောက်တယ်” ဘုရားသခင်ရဲ့ကျေးဇူးပြုခြင်းဟာဝယ်ယူလို့ပေးဆပ်လို့မရတဲ့၊မထိုက်မတန်ဘဲရရှိတဲ့မျက်နာသာဖြစ်တယ်။သင့်ကိုယ်သင်မထိုက် တန်ဘူးလို့ ခံစားရဆုံးအချိန်မှာ ဘုရားသခင်ကသင့် ကိုအဖြေပေးတယ်ဆိုရင် အဲ့တာဟာကျေးဇူးတော် ဖြစ်တယ်။အဲ့ဒါဟာအံ့ဖွယ် မျက်နာသာပေးခြင်းဖြစ်တယ်။သင့်ရဲ့အခြေအနေအောက်ဆုံးထိထိုးဆင်းတဲ့အချိန်၊အမှောင်မိုက်ဆုံး အချိန် မှာသူ့ရဲ့အလင်းဟာသင့်ရဲ့အသက်တာထဲကိုစီးဝင်လာတယ်။အဲဒီအခါသင်ဟာသူရဲ့မျက်နာသာပေးခြင်းကို လက်ခံရရှိသူ ဖြစ်လာတယ်။သင်လက်ခံရရှိတဲ့နောက် အခြားသူတွေဆီကိုမစီးဆင်းမဆန့်ထုတ်ဘဲ မနေနိုင် တော့ဘူး။ မိတ်ဆွေ၊သင်နဲ့ ကျွန်ုပ်ဟာ ပင်ကိုအရ ဘယ်သူ့မှမထိုက်တန်ကြပါဘူး။ဒါပေမဲ့ကျွန်ုပ်တို့ဟာခရစ်တော် ထဲ မှာရှိကြတဲ့ အတွက်သူ့ရဲ့ဖြောင့်မတ်ခြင်းကြောင့် ဘုရားသခင်က ကျွန်ုပ်တို့ကိုကောင်းကြီးပေးဖို့ ချုပ်တည်းမှာ မဟုတ်ဘူး။ကျွန်ုပ်တို့အပိုင်းကလုပ်ရမယ့်အရာက ကြိုးစားရုန်းကန်ခြင်းမဟုတ်ဘူး။ ခရစ်တော်၌ သင့်ရဲ့ဖြောင့်မတ် ခြင်းကိုပိုမြင်လေ ဘုရားသခင် ရဲ့မျက်နာသာပေးခြင်း ကို ပိုခံစားရလေ လို့ကျွန်ုပ်ယုံကြည်တယ်။သင့်ရဲ့ထိုက်တန်ခြင်း အပေါ်မှာအမှီပြုရပ်တည်ဖို့ သွေးဆောင် ခြင်းကိုခံလိုက်တာနဲ့တစ်ပြိုင်နက် ခရစ်တော်ဆီကို လှည့်ပြီးသူ့ရဲ့အသံကိုနားထောင်ပါ။အဲဒါဟာ စစ် မှန်တဲ့ ယုံကြည်ခြင်းတိုက်ပွဲဖြစ် တယ်။ ယုံကြည်ခြင်းတိုက်ပွဲဆိုတာ သင်ဟာ အကျင့်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့် မတ် သူဖြစ်တယ်ဆိုတာကိုယုံကြည်စိတ်ချခြင်းဖြစ်တယ်။ပေါလုကပညတ်တရား အောက်မှာသူကြိုးပမ်းခဲ့တဲ့အရာကိုဒီလိုကြေညာခဲ့တယ်။ ထိုမျှမကငါ၏သခင်ယေရှုခရစ်ကိုသိသော ပညာသည် သာလွန်ကြီးမြတ်သည်ကိုထောက်လျက်ခရစ်တော်ကိုအမြတ်ရပြီ၊ထိုသခင် ၌တည်ပါမည်အကြောင်း၊ခပ်သိမ်းသောအရာတို့ကို ကိုယ် တော်အဖို့ငါအရှုံးခံ၍ထိုအရာတို့ကိုမစင်ကဲ့သိုငါဆင်ခြင်ခံယူ၏။ ပညတ်တရားအားဖြင့်ရသော ကိုယ်ဖြောင့် မတ်ခြင်း ကို မကိုးစား ဘဲ ခရစ်တော်ကိုယုံကြည်ခြင်း အားဖြင့်ရသောဖြောင့်မတ်ခြင်းတည်းဟူသောယုံကြည်ခြင်းအတွက် ကြောင့် ဘုရားသခင် ပေးသောဖြောင့်မတ်ခြင်းကိုငါကိုးစား၏(ဖိ၊၃:၈-၉)။ ဒါကြောင့်ကျမ်းစာအရဖြောင့်မတ်ခြင်းနှစ်မျိုးနှစ်စားရှိတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းတွေ့ရတယ်။ 💥၁။သင့်ရဲ့နာခံခြင်း၊ကြိုးစားခြင်းအားဖြင့်ရတဲ့ဖြောင့်မတ်ခြင်း၊ 💥၂။ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်ရရှိတဲ့ဖြောင့်မတ်ခြင်း၊ နှစ်ခုထဲကတစ်ခုကသာမလှုတ်ခတ်နိုင်တဲ့အုတ်မြစ်ပေါ်မှာတည်တာဖြစ်တယ်။မလှုတ်ခတ်နိုင် တဲ့ကျောက်ဆိုတဲ့ခရစ်တော်ပေါ်မှာတစ်ခုကရပ်တည်နေချိန်မှာ တစ်ခုကတော့ ကိုယ်တိုင်ကြိုးစားခြင်း ပေါ်မှာ အခြေပြုရပ်တည်နေတယ်။ တစ်ခုက သင့်ကိုယ်သင် ထိန်းချုပ်နိုင်တဲ့အချိန်မှာပဲစိတ်ချမှုကိုပေးတယ်။ ကျန်တစ်ခုက အချိန် တိုင်းမှာ ဘုရားသခင် ရဲ့ မျက်နာသာပေးခြင်းကိုအမြဲ လက်ခံရရှိဖို့စိတ်ချမှုကိုပေးတယ်။သင့်ကိုယ်သင်မထိုက်တန်ဘူးလို့ခံစားရတဲ့ချိန်မှာတောင်ဘုရားသခင် ရဲ့မျက်နာသာပေးခြင်းအတွက်စိတ်ချမှုကိုဖြစ်စေမှာဖြစ်တယ်။သင့်ရဲ့ဖြောင့်မတ်ခြင်းကိုရိုတ်ခတ် မယ့်လေပြင်းမုန်းတိုင်းတိုက်ခတ် လာတဲ့အခါသင်ကိုယ်တိုင်တည် ဆောက်ထားတဲ့ဖြောင့်မတ် ခြင်းအပေါ်ရပ်တည်မလားဒါမှမဟုတ် ကျောက်ဆိုတဲ့ယေရှုရဲ့ဖြောင့်မတ် ခြင်း အပေါ်မှာ ရပ်တည်မလား။ခရစ်တော်၏ဖြောင့်မတ်ခြင်းကိုယုံကြည်တဲ့အခါဘုရားသခင်ရဲ့မျက် နှာသာပေးခြင်းသက်ရောက်လာတာဖြစ်တယ်။ကားတိုင်ပေါ် ယေရှုလုပ်ဆောင်ပေးခဲ့တဲ့အရာကြောင့် ဘုရားသခင်ဆီကကောင်းတဲ့အရာတွေကိုသင်မျော်လင့်လို့ရတာဖြစ် တယ်။ကြီးမားတဲ့အရာတွေကိုတောင်းခံနိုင်တာဖြစ်တယ်။သင့်အတွက်နဲ့ သင့် မိသားစု အတွက် သူ ရည်ရွယ်တဲ့ပန်းတိုင်ကိုအရောက် တက်လှမ်းနိုင်တာဖြစ်တယ်။ ဘုရားသခင်ရဲ့မျက်နာသာပေးခြင်းကိုရရှိခံစားရဖို့အတွက်ခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းဟာ အခွင့်အရေးတစ်ရပ်ဖြစ်တယ်။ဘယ်တော့မှဘယ်နည်းနဲ့မှပြစ်တင်စွပ်စွဲခြင်းကိုအခွင့်မပေးလိုက်ပါနဲ့။ Credit: Joseph prince ❤️God is good all the time❤️

Comments
Post a Comment