သင်ပေးကမ်းနိုင်ရန် ပြင်ဆင်ပေးထားသော အချိန်


 "ကြီးမားစွာ သင်ပေးကမ်းနိုင်ရန် ပြင်ဆင်ပေးထားသော အချိန်ဖြစ်သည်"

"ကျမ်းစာလာသည်ကား၊ သူသည်စွန့်ကြဲပြီ။ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ။ သူ၏ဖြောင့်မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏ ဟု လာသည်နှင့်အညီ၊ သင်တို့သည် အရာရာ၌ သုံးလောက်သောဥစ္စာ အမျိုးမျိုး အစဉ်ရှိ၍၊ ကောင်းသောအကျင့် အမျိုးမျိုးနှင့် အထူးသဖြင့် ပြည့်စုံမည်အကြောင်း၊ အမျိုးစုံသော မင်္ဂလာကျေးဇူးနှင့် အထူးသဖြင့်ပြည့် စုံစေခြင်းငှာ ဘုရားသခင်တတ်နိုင်တော်မူ၏။" (၂ကော ၉:၈) စစ်မှန်သောအောင်မြင်ခြင်းသည် ဘုရားသခင် ၏ ရူပါရုံကို နားလည်သဘောပေါက်ပြီး ထိုလမ်းကြောင်းပေါ်၌ရှိသောအခါ ရရှိမည်ဖြစ်သည်။ ဘုရားသခင်၏ ရူပါရုံသည် သခင်ယေရှုခရစ်၏ ဧဝံဂေလိတရားတော်ကို ကမ္ဘာအရပ် ရပ် ရှိလူသားများထံသို့ ယူဆောင် လာရန်ဖြစ်၏။ ဘုရားသခင်သည် သူ၏မျက်မှောက်တော်‌တန်ခိုးကို ကမ္ဘာပေါ်ရှိတိုင်းနိုင်ငံများသို့ ယူဆောင်လိုပြီး၊ သူ၏သားသမီးများအား ထိုအရာများကို လုက်ဆောင်စေလိုသည်။ သင်၏အလုပ်သည် မည်ကဲ့သို့သော အလုပ်ပင်ဖြစ်စေကာမူ သင်၏နေ့တိုင်း အဓိကထား၍ လုပ်ဆောင်ရမည့်အရာမှာ သခင် ခရစ်တော်အဖို့အလို့ငှါ ပျောက်ဆုံးဝိညာဉ်များကို ရရှိခြင်းဖြစ်ရမည်။ ဘုရားသခင် ၏ ရူပါရုံ လမ်းကြောင်းထဲ၌နေ၍ ထိရောက်စွာ ပါ၀င်လုပ်ဆောင်နိုင်မည့် နည်း လမ်းများအနက် တစ်ခုသည် သင်၏ငွေများဖြင့် ဆက်ကပ်ပေးကမ်းခြင်းဖြစ်သည်။ ‌၀မ်းမြောက် စွာ ပေးကမ်းခြင်းအားဖြင့် ကမ္ဘာအနှံ့နှံ့ ကယ်တင်ခြင်း ဧဝံဂေလိတရား ရောက်ရှိနိုင်ရန်အတွက် သင်၏ပါ၀င်မှုသည် အရေးကြီးလှသည်။ "ငါနှင့်ငါ၏မိသားစုအတွက် လုံလောက်လျှင်တော်ပြီ" ဟု ပြောသောသူများရှိကြသည်။ ဤအရာမျသည် အလွန်မှားသောအတွေး ဖြစ်သည်။ ခရစ်ယာန်များသည် တခြားသောသူများနှင့်မတူအောင် စဉ်းစားသင့်သည်။ သင်နှင့် သင်၏ မိသားစုအတွက် လုံလောက်ရုံသာမက ဧဝံဂေလိတရား၏အကျိုးအတွက် ဘုရားသခင်သင့်ကို ချမ်းသာကြွယ်၀ စေချင်သည်။ အသက်ရှင်ရန် မဟုတ်ပါ။ ထိုကြောင့် သင်၏ငွေကြေးများအား မည်သို့အသုံးပြုမည်ဟု အစီစဉ်ဆွဲသောအခါ ဘုရားသခင်၏နိုင်ငံတော် ကျယ်ပြန့်ခြင်းအတွက် စဉ်းစားပါ။ သခင်ခရစ် တော်၏ ဧဝံဂေလိတရားတော် ကမ္ဘာအဆုံးထိ ရောက်နိုင်ရန်၊ သင်၏ရှိသမျှအင်အား အရင်းအမြစ်များအား ကြားခံနယ်အဖြစ် လမ်းခင်းပေးခြင်းသည် ကြီးမားသောကောင်းကင် ဉာဏ် ပညာ ရှိခြင်းဖြစ်သည်။ သင့်အသက်သာကို ဤအရာများအတွက် အသုံးပြုသင့်သည်။ ထို့ကြောင့် ခရစ်တော်၏ကယ်တင်ခြင်းတရားသည် ပင်လယ်ကြီးကို ရေကဖုံးလွှမ်းသကဲ့သို့၊ ကမ္ဘာကြီးကို လွှမ်းမိုးနိုင်ရန် သေချာစွာလုပ်ဆောင်ရမည်ဖြစ်သည်။ ဘုရားသခင်၏နိုင်ငံတော်တိုးတက်ကျယ်ပြန့်ရန် သင်သည်ကြီးမားစွာ‌သောပေးကမ်းခြင်းကို ပြုရမည့် အချိန်ရောက်လာပြီဖြစ်သည်။ ထို့ကြောင့်ဘုရားကျောင်း၌ အလှူငွေများကို ထည့်သည့်အခါ သခင်ယေရှုအတွက် ပျောက်ဆုံးဝိညာဉ်အတွက်ဖြစ်သည် ဟူသော နားလည်သဘောပေါက်မှုဖြင့် ပေးပါ။ သင်၏ပေးကမ်းခြင်း၌ သစ္စာရှိသကဲ့သို့ ဘုရားသခင်သည် သင့်၏အသက်တာ၌ သာ၍သာ၍ ကြီးပွားစေမည် ဖြစ်သည်။ credit - Rhapsody of Realities Myanmar ဖတ်ရှု့ရန် 📖ကမ္ဘာဦး ၈:၂၂ 📖၂ကော ၉:၈-၁၀ 📖ဧဖက် ၄:၂၈ ❤️ God is good all the time❤️

Comments

Popular posts from this blog

'အသစ်သော ဘ၀အသက်တာ'

💥သင်ထ လော့ လင်းလော့💥

❤️ဘုရားသခင်ကသင့်တို့တစ်ဦးချင်းကိုအသေးစိတ်နက်နက်ရူင်းရှုင်းချစ်သည်❤️