“ဆုတောင်းခြင်း၏နေရာမှန်”
“ဆုတောင်းခြင်း၏နေရာမှန်” ဆုတောင်းခြင်းသည်ဤစကြဝဠာအတွင်း၌ဘုရားသခင် ပြီးလျှင် ဒုတိယတန်ခိုးအကြီးဆုံးအရာပင်ဖြစ်သည်။ဆုတောင်းခြင်းအမှုသည်အသင်းတော်နှင့်တစ်ဦးချင်းစီအသက်တာအတွက်အရေးပါဆုံးသောအရာဖြစ်သော်လည်းလျစ်လျှူရှု အခံရဆုံးအရာဖြစ်သည်။ဆုတောင်းခြင်းကို၎င်း၏နေရာမှန်၌ကျွန်ုပ်တို့မထားသရွေ့အသက်တာ (သို့) အမှုတော်၌ထိရောက်အောင်မြင် ပေါက်မြောက်နိုင် မည်မဟုတ်ပါ။ ဆုတောင်းခြင်း၏အရေးပါမှုကိုနားလည်သဘောပေါက်ရုံမျှမက ဆုတောင်းခြင်းကိုနေရာမှန်၌ထားခဲ့သူမြောက်များစွာကိုသမ္မာကျမ်း၌တွေ့ရှိရသည်။၎င်းတို့အနက်မှ ယေရှုခရစ်တော် ၏ အသက်တာ ကိုသင်ခန်းစာယူစရာနှင့်တည်ဆောက်စရာဖြစ်စေရန်အတွက်မျှဝေလိုက်ပါသည်။ ဗတ္တိဇံယောဟန်ထောင်သွင်းအကျဉ်းချခံရပြီးနောက်အရှင်ယေရှုသည်အမှုတော်မြတ်ကိုစတင် ထမ်းရွက်ခဲ့ သည်(မာ၁:၁၄-၁၅)။အရှင်ယေရှုအားအစေခံကျွန်တစ်ဦးအဖြစ်ဖော်ညွန်းထားသည့် ရှင်မာကုခရစ်ဝင်ကျမ်း၌အရှင် ယေရှု၏အစေခံကျွန်ပီသမှုကိုသူ၏မရပ်မနားအမှုတော်ဆောင် ခြင်းအားဖြင့်ပီပြင်စွာမြင်တွေ့ရ သည်။ တစ်ရက်သောဥပုသ်နေ့၌အရှင် ယေရှုသည်ကပေရနောင်မြို့သို့ဝင် ရောက်ကာထိုမြို့တရားစရပ်၌ ဆုံးမ ဩဝါဒပေးခြင်း၊နတ်ဆိုးနှင် ထုတ်ခြင်းအမှုများကိုပြုခဲ့သည်။ထိုမျှမကရှိမုန်ပေတရု၏အိမ်သို့သွားရောက်ကာရှိမုန်ပေတရု၏ ယောက္ခခမ ဖျားနာခြင်းကိုပျောက်စေခဲ့သည်။(မာ၊၁:၂၁-၃၅)။ ကပေရနောင်မြို့ရှိယုဒလူတို့သည် ကျေးဇူးတရား၏ အရှင် ယေရှု ခရစ်တော်၏တက်စွမ်းနိုင်မှုများကိုကြားသိကြသော်လည်းပညတ်တရား၏အချုပ်နှောင်မှုကို မလွန် ဆန်နိုင်၍ဥပုသ်နေ့မကုန်ဆုံးမချင်းအရှင်ယေရှုထံသို့မည်သူမျှမလာရောက်ကြ။သို့သော်ဥပုသ်နေ့ကုန်ဆုံးသည်နှင့်တစ်မြို့လုံးအရှင် ယေရှုထံတော်သို့ရောက်လာကြသည်။လူအများနှင့်နတ်ဆိုးစွဲနေသူများကိုခေါ်လာကြသည်။ထိုအချိန်သည်နေဝင်ပြီးသောညအချိန်ဖြစ်သည်။ထိုအချိန်သည်အနားယူ၍သက်တောင့်သက်သာနေဖို့ကောင်းသောအချ်ိန်ဖြစ်သော် လည်းအရှင်ယေရှုအနား မ ယူခဲ့ပါ။လူအများကိုသက်သာခြင်း နှင့်နတ်ဆိုးများကိုနှင်ထုတ်ခြင်းစသည့်မင်္ဂလာရှိသောအရာများကိုသာပြုခဲ့သည်။တမြို့လုံးစုဝေး ခြင်းဖြစ်၍ဆောင်ရွက်စရာအမှု ကိစ္စများ ကို အလျှင် တဆော အရှင်ယေရှုလက်စသတ်ခဲ့ မည်မဟုတ်ပါ။အချိိန်လင့်မှ အိပ်ရာဝင်ရမည့်အနေအထားဖြစ် သည်။လူ့သဘာဝမှာစောစောအိပ် မှစောစောထနိုင်ခြင်းဖြစ်သည်။သို့သော်အရှင်ယေရှုသည်နောက်ကျမှအိပ်ရာဝင်ရသည့်တိုင်နံနက်စောစောမိုးမလင်းမှီတောအရပ်သို့ထွက်ကြွ၍ဆုတောင်းကြောင်းတွေ့ရသည်။(မာ၁:၃၅)။အရှင်ယေရှုသည်တစ်ရက်တာကိုဆုတောင်းခြင်းဖြင့်အစပြုသည်သို့ပြီးမှတရားဟောခြင်းနှင့်နတ်ဆိုးနှင်ထုတ်ခြင်းအမှုများကိုပြုခဲ့သည်။တစ်နည်းဆိုရသော်အရှင်ယေရှု၏အမှုတော်ဆောင်ခြင်းသည်ဆုတောင်းခြင်းဖြင့်အစပြုထားသောကြောင့် ဦးတည်ချက်မပျောက်၊ရည်ရွယ် ချက်သို့ရောက်လျက်အမှုတော်ကိုဆုံးခန်းတိုင်အောင်လုပ်ဆောင်နိုင် ခဲ့သည်။ မိတ်ဆွေ ရဲ့တရက်တာ ဘာမလုပ် ခင် ဆုတောင်းခြင်းနဲ့ အစပြုပြီး ဆောင်ရွက်စရာရှိတဲ့ အရာများကို လုပ်ကိုင်ဆောင်ရွက်ရင်းအသက်ရှင်ဖို့ သခင်ရဲ့တရက်တာဖြတ် သန်းခြင်းကို ကြည့်ပြီး ကိုယ်တိုင်လည်း Applyလုပ်ဖို့ မေတ္တာဖြင့် တိုက်တွန်းလိုက်ပါတယ်။ Credit: ဆရာTitus ထွန်းထွန်း ❤️GOD is good all the time❤️

Comments
Post a Comment