2021 အသင်းတော်ရဲ့Mottoက

MCF Hartamas Chruch
"GROWING "
(တိုးပွားလာသော/ ကြီးထွားလာသော/ အရွယ်ရောက်လာသော/ ကြီးရင့်လာခြင်း) ဧဖက်၄:၁၃"ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့၎င်း၊ ဘုရားသခင်၏သားတော်ကိုသိကျွမ်းခြင်းသို့၎င်း၊တညီတညွှတ်ထဲရောက်၍ ခရစ်တော်၏ပြည့်စုံခြင်းပမဏအရပ်တည်းဟူသောကြီးရင့်သောလူ၏အဖြစ်သို့ရောက်ကြသည်တိုင်အောင်ဖြစ်သတည်း" ဧဖက် ၄:၁၄ /၁၅ /၁၆ ကောလော ၂:၁၉/ ၂ပေ ၃:၁၈"ကျေးဇူးတော်၌၎င်း၊ ငါတို့ကိုကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌၎င်း ကြီးပွါးကြလော့" ၁ပေ ၁: ၅-၈"ထိုသို့အလို့ငှါ၊ သင်တို့သည်ယုံကြည်ခြင်း၌ သီလကို၎င်း၊ သီလ၌ ပညာကို၎င်း၊ပညာ၌ ကာမဂုဏ်ချုပ်တည်းခြင်းကို၎င်း၊ ကာမဂုဏ်ချုပ်တည်းခြင်း၌ သည်းခံခြင်းကို၎င်း၊ သည်းခံခြင်း၌ ဘုရားဝတ်ကိုပြု၍မွေ့လျော်ခြင်းကို၎င်း၊ ထိုမွေ့လျော်ခြင်း၌ ညီအစ်ကိုစုံမက်ခြင်းကို၎င်း၊ ညီအစ်ကိုစုံမက်ခြင်း၌ ချစ်ခြင်းမေတ္တာကို၎င်း၊ အလွန်ကြိုးစားအားထုတ်၍ထပ်ဆင့်ကြလော့။အကြောင်းမူကား ထိုပါရမီတို့သည် သင်တို့၌ရှိ၍ ကြွယ်ဝလျှင် ငါတို့သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌ မပျင်းရိစေခြင်းငှာ ၎င်း အကျိုးမဲ့မဖြစ်စေခြင်းငှာ ၎င်း ပြုပြင်တတ်ကြ၏။ ယုံကြည်သူကိုချီးမြှောက်ဖို့ အစီအစဉ်ရှိ/ ကြီးထွားစေခြင်တဲ့ဘုရားဖြစ် ရောမ၈:၂၉-၃၀/ ၁သက်၂:၁၄ မဿဲ၁၈:၄/မဿဲ၂၃:၁၂ ၁ ရာ ၂: ၂၁/ ၂၆ - အငယ် ၂၁ - ထာဝရဘုရားသည် ဟန္နကို အကြည့်အရှူ ကြွတော်မူသဖြင့်၊ သူသည် ပဋိသန္ဓေယူ၍၊ သားသုံးယောက်၊ သမီးနစ်ယောက်တို့ကို ဘွားမြင်လေ၏။ သူငယ် ရှမွေလသည် ထာဝရဘုရားရှေ့တော်၌ ကြီးပွားသတည်း။ အငယ်၂၆- သူငယ် ရှမွေလသည် ကြီးပွား၍၊ ထာဝရဘုရားရှေ့ ၊ လူရှေ့တို့၌ မျက်နာရလေ၏။ ရှင်လုကာ ၂: ၅၂ - ယေရှူသည်လည်း အစဉ်တိုင်းကြီး၍ ပညာတိုးပွားလျက်၊ ဘုရားသခင့်ရှေ့၊ လူတို့ရှေ့မှာ မျက်နာရတော်မူ၏။ ဆာလံ ၁၀၃ : ၄-၅ - သင်၏အသက်ကို ဖျက်ဆီးခြင်းထဲက ရွေး၍၊ ကျေးဇူးတော် ဂရုဏာတော်များနင့် သင်၏ခေါင်းကို ပတ်ရစ်တော်မူ၏။ သင့်ကို အသက်ကြီးစဉ် ကောင်းသောအရာနင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွှေလင်းတ၏ အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။ ပုံဥပမာ ( ရှင်မဿဲ ၂၅:၁၄-၂၉) ရှင်ယောဟန် ၃:၃၀ - ထိုသခင်သည် တိုးပွားခြင်းရှိရမည်၊ ငါမူကား ဆုတ်ယုတ်ခြင်းရှိရမည်။ ဖတ်ရန်- ၂ကော ၄:၁၆-၁၈
God is Good all the time

Comments

Popular posts from this blog

'အသစ်သော ဘ၀အသက်တာ'

💥သင်ထ လော့ လင်းလော့💥

❤️ဘုရားသခင်ကသင့်တို့တစ်ဦးချင်းကိုအသေးစိတ်နက်နက်ရူင်းရှုင်းချစ်သည်❤️