"ဘောင်ခတ်ကန့်သတ်သော ယုံကြည် ခြင်းမျိုးကို စွန့်ပစ်ပါ"
"ဘောင်ခတ်ကန့်သတ်သော
ယုံကြည် ခြင်းမျိုးကို စွန့်ပစ်ပါ" "ဘုရားသခင်၏ လူတစ်ယောက် သည် ဣသရေလရင်ဘုရင်ထံသို့လာ၍ ထာဝရဘုရားမိန့်တော်မူသည်ကား၊ရှုရိလူတို့က ထာဝရဘုရားသည် တောင်ကိုသာ အစိုးရသော ဘုရားဖြစ်၏။လွင်ပြင်ကို အစိုးရသောဘုရားမဟုတ်ဟု ဆိုမိသောကြောင့်၊ထိုကြီးစွာသော အလုံးအရင်းအပေါင်းကိုသင့်လက်သို့ ပါအပ်မည်။ငါသည် ထာဝရဘုရားဖြစ် ကြောင်းကိုသင်တို့သိရကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။"(၃ရာ ၂၀:၂၈) ဣသရေလလူမျိုးများ၏ ရန်သူရှုရိလူတို့သည် ဘုရားရှင်၏ တတ်စွမ်း နိုင်မှုကို ဘောင်ခတ်၍ သတ်မှတ်ကြသည်ကို တွေ့ရသည်။ ဘုရားရှင်သည် တောင်ကိုသာအစိုးရသည်၊ လွင်ပြင် ကို အစိုးရသော ဘုရားမဟုတ် ဟု တွေးထင် ကြ၏။ ဘုရားရှင်သည် ခပ်သိမ်းသောအရာကို အစိုးရသော ထာဝရဘုရားဖြစ်တော်မူပါသည်။ကျွန်ုပ် တို့လည်း ဘုရားကို ရှုရိလူများ ကဲ့သို့ ဘောင်ခတ်သတ်မှတ်တတ်ကြပါ၏။ တောင်ကိုသာ အစိုးရပြီး၊လွင်ပြင်ကို အစိုးမရဟု ဘုရားရှင် ကိုဘောင်ခတ်ကာအထင်သေးပြောဆို ရှုံ့ချသောကြောင့် ဘုရားရှင် က ထိုရန်သူအင်အားတစ်သိန်းကို တနေ့ခြင်းတွင် သေဒဏ်စီရင် ခဲ့ပါသည်။ထိုကဲ့သို့ ဘုရားကို အထင်သေးလျက် ပြောဆိုခဲ့သောသူများသည် ကြီးစွာသော ဆုံးရှုံးခြင်းကို ရရှိရကြောင်း သင်ခန်းစာယူရပေမည်။ ကျွန်ုပ်တို့အတွက် ဘုရားရှင် မတတ်နိုင်သော အမှုမရှိပါ။နေရာခပ်သိမ်းနှင့်အချိန်ကာလခပ်သိမ်းကိုလည်း အဖဘုရားအုပ်စိုး တော်မူကြောင်းယုံကြည်စိတ်ချပါ။ယခင်က လုပ်ဆောင်ပေး သကဲ့သို့ ယနေ့တွင်လည်း အသက်ရှင်နေသောကြောင့်ကယ် လွတ်ခြင်း အမှုများကို ပြုနိုင်ပါသည်။ သို့ဖြစ်သောကြောင့်ရှုရိလူများကဲ့သို့ ဘုရားကို ဘောင်ခတ် မ ကန့်သတ် မိ ဖို့လိုပါသည်။ ဘောင်ခတ် ကန့်သတ် သတ်မှတ်ခြင်းသည် ဘုရားကိုရှုတ်ချစော်ကားခြင်းသာ ဖြစ်ပါ၏။ ထိုအထက်သေးသော အတွေးအခေါ်မျိုး သင့်စိတ်ထဲသို့ အဝင်မခံမိစေ ရန်အထူးသတိပြုပါ။ "ထာဝရဘုရားသည် ပလ္လင်တော်ကို ကောင်းကင်းဘုံ၌ တည်တော်မှု၍၊အာဏာတော်သည် ခပ်သိမ်းသောအရပ်တို့ကိုနှံ့ပြား ၏"။(ဆာလံ ၁၀၃:၁၉) ဣသရေလလူမျိုး များသည် အဲဂုတ္တုပြည်မှ ကယ်လွှတ်ခြင်း ခံရပြီးထွက်လာသော်လည်း ခါနန် ပြည်သို့ များစွာမဝင်စားကြရပေ။အကြောင်းမူကား ဘုရား၏ တန်ခိုးတော် ကိုမယုံကြည်သောကြောင့် ဖြစ် ၏။ဘုရား၏ တက်စွမ်းနိုင်မှုကိုမိမိ၏အတွေးအခေါ် နှင့် ဘောင်ခတ်၍သတ်မှတ်ကြ၏။ "အရင်က လုပ်ခဲ့သော တန်ခိုးဟာအခုတော့ မလုပ်နိုင် တော့ပါဘူး"ဟူ၍ ဘုရားအပေါ် အထင်သေး မြွတ်ဆိုကြပါသည်။ ဘုရားရှင်စကားတော်ကို မယုံကြည်ခြင်း ကြောင့် ဘုရားရှင် ၏ဂတိတော်အကျိုးများကို မခံစားကြရပေ။ရန်သူစာတန် သည် ဘုရားရှင်၏တက်စွမ်းနိုင်သော တန်ခိုးတော်ကို ယုံကြည်သူများ စိတ်ထဲတွင် ဘောင်ခတ်လျက်မြင် စေပါ၏။စာတန်၏လက်နက် တည်း ဟူသော သံသယအတွေးအခေါ် မယုံကြည်ခြင်းစိတ်ကို သင့်အထဲမဝင်မိဖို့ သတိပြုကြပါစို့။(ယုဒ ၁:၅) Credit: ဆရာလအုန်းလထွယ် ❤️GOD is good all the time❤️
Comments
Post a Comment