'အသစ်သော ဘ၀အသက်တာ' 📖၁ကော၁၅:၄၈"မြေသားတို့သည် မြေသားကဲ့သို့ဖြစ်ကြ၏။ ကောင်းကင် သားတို့သည် ထိုကောင်းကင်သားကဲ့သို့ဖြစ်လိမ့်မည်" ကမ္ဘာဦးကျမ်း၌ ဘုရားသခင်သည် ပထမလူသားဖြစ်သည့် အာဒံကို မြေကြီးမှထုတ်ယူပုံသွင်းပြီး၊ သူ၏နှာခေါင်းအထဲသို့ ဇီ၀အသက်ကို မှုတ်တော်မူသည့် အခါ အာဒံသည် အသက်ရှင်သောသူ အဖြစ် သို့ ရောက်ရှိလာခဲ့ ကြောင်း နှုတ်ကပတ်တော် က ကျွန်ုပ်တို့ကို မိန့်ဆိုထားပါသည်။ သို့ရာတွင် ထိုအာဒံကို "မြေကြီးသား" အဖြစ်သာ သမ္မာကျမ်းစာကဖော်ပြထားပါသည်။ ထိုသို့ဖော်ပြရခြင်းမှာ သူသည် မြေမှုန့်မှလာသောသူဖြစ်ပြီး၊ သဘာ၀လူသားအသက်တာကိုသာ ရရှိပိုင်ဆိုင်ထားခဲ့သောကြောင့်ဖြစ်သည်၊-"ရှေးဦးစွာသောလူသည် မြေကြီးကဖြစ်သောကြောင့် မြေသားဖြစ်၏။..."၁ကော၁၅:၄၇ သို့ရာတွင် ကျွန်ုပ်သည် ဒုတိယနှင့် နောက်ဆုံးသောအာဒံဖြစ်သည့် သခင်ယေရှု ခရစ်တော်ထံသို့ ခေါ်သွင်းခံကြရမည်ဖြစ်ပေသည်၊-" ရှေးဦးစွာသောလူအာဒံသည် အသက်ရှင်သောသတ္တဝါဖြစ်၏ဟုလာသတည်း။ ယခုတွင် နောက်ဆုံးဖြစ်သော အာဒံမူကား၊ အသက်ရှင်စေတတ်သော ဝိညာဉ်ဖြစ်၏"📖၁ကော၁၅:၄၅။ ကျွန်ုပ်တို့သည့် ဒုတိယနှင့် နောက်ဆုံးဖြစ်သော အာဒံ၏သ င်္ကေတအမှတ်လက္ခဏ...
Comments
Post a Comment