❤️ဘုရားသခင်ကသင့်တို့တစ်ဦးချင်းကိုအသေးစိတ်နက်နက်ရူင်းရှုင်းချစ်သည်❤️
- Get link
- X
- Other Apps
❤️ဘုရားသခင်ကသင့်တို့တစ်ဦးချင်းကိုအသေးစိတ်နက်နက်ရူင်းရှုင်းချစ်သည်❤️
ဒီနေ့ယုံကြည်သူများစွာဟာ မိမိတို့ဝန်ထုပ်တွေကို သခင်ဘုရားထံ ဘာကြောင့်မအပ်နှံကြသလဲဆိုတာ သင် သိပါရဲ့လား။အဲဒါ သူတို့ကိုဂရုစိုက်တဲ့သခင်နဲ့ပက်သက်ပြီး အလင်းဖွင့်ပြခြင်းမခံရသေးတဲ့အတွက်ဖြစ်တယ်။ သူရဲ့နှုတ်ကပတ်တော်က ဘယ်လိုပြောထားသလဲဆိုတာ ကြည့်ပါ။
📖သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူတော်ကြောင့် သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့*(၁ပေ၊၅:၇)။
သင့်အတွက် ယေရှုက အကြွင်းမဲ့တာဝန်ယူတယ်ဆိုတာကို သင်အကြွင်းမဲ့စိတ်ချမှုမရှိသေးသရွေ့၊သင့်ရဲ့ဝန်ထုပ်ကို သူအပေါ်မှာ အပ်နှံမှာမဟုတ်ဘူး။ တစ်ချက်လောက်ပြန်စဉ်းစားကြည့်။ သင်အခက်အခဲ့ဖြစ်တဲ့အချိန်မှာ သင့်ရဲ့အကူအညီတောင်းခံမှုကိုအရေးလုပ်မှာ မဟုတ်ဘူးထင်ရတဲ့ သင်ရဲ့ဆွေမျိုးတွေဆီကိုသင်အကူအညီတောင်းခံဖူးသလား။ ယေရှုကတော့ သင့်ကိုဂရုစိုက်တယ်။ သူ့ကို ခေါ်တဲ့အခါတောင်းကင်တန်ခိုးအားလုံးနဲ့တကွ သင့်ဘက်မှာရပ်တည်ပေးဖို့ သူ့ရဲ့ အပြည့်အဝ အာရုံစိုက်ခြင်းကိုသင်ခံရတယ်ဆိုတာ သိမှတ်ပါ။
သင်က ဒီလိုစဉ်းစားကောင်းစဉ်းစားပါလိမ့်မယ်။
*ယေရှုဆီမှာ တခြားပိုအရေးကြီးတဲ့ လုပ်ဆောင်စရာတွေရှိမှာသေချာတယ်။ ဒါကြောင့်ငါ့ရဲ့ပြဿနာတွေနဲ့ သူ့ကို အနှောင့်အယှက်မပေးတော့ပါဘူး*
မိတ်ဆွေ၊သင်ဒီလိုမျိုးစဉ်းစားနေတာဟာယေရှုက သင့်ကိုဂရုစိုက်တယ်ဆိုတာကို သင်တကယ်မယုံကြည်သေးဘူး ဆိုတဲ့ သက်သေပဲ ဖြစ်တယ်။အခုပဲ နှုတ်ကပတ်တော်က ဘယ်လို့ပြောထားသလဲဆိုတာကြည့်ပါ။
*သင်တိုဆံပင်သည်လည်း အကုန်အစင်ရေတွက်လျက်ရှိ၏။ထို့ကြောင့် မကြောက်ကြနှင့်။သင်တိုသည် စာငှက်အများတို့ထက်သာ၍မြတ်ကြ၏။*(လု ၁၂:၇)
ကျွနု်ပ်ရဲ့သမီးငယ်လေး ဂျက်စီကာကိုချစ်လည်းချစ်တယ်။ဂရုလည်း စိုက်တယ်။ဒါမေယ့်သူ့ကိုသိပ်ချစ်ပြီး သူ့အတွက် ဘာမဆိုအကောင်းဆုံးလုပ်ပေသလောက် သူ့ခေါင်းပေါ် ဆံပင်တွေကိုတော့ ဘယ်တုန်းကမှ မရေတွက်ပေးဖူးဘူး။သူ့ကိုနမ်းရတာ၊သူ့ဆံပင်တွေကိုနမ်းရတာ၊သု့ကိုတင်းတင်းလေးဖတ်ရတာ ကျွနု်ပ်နှစ်သက်ပါတယ်။ဒါပေမယ့် သူရဲ့ဆံပင်တွေကိုရေတွက်ဖို့တော့ ကျွနု်ပ်ဘယ်တုန်းကမှ အချိန်မယူခဲ့ဖူးဘူး။
ဒါပေမယ့် သင့်ရဲ့ ကောင်းကင်ဘုံအဖေက သင့်ခေါင်းပေါ်မှာရှိတဲ့ ဆံပင်အားလုံးကို ရေတွက်တယ်ဆိုတာ သင်သိတယ်မဟုတ်လား။သခင်ယေရှုရဲ့နှလုံးသားကို သင်စတင်ဖမ်းဆုပ်မိနေပြီ၊သူ့ရဲ့မေတ္တာကို ယေဘုယျဆန်ဆန်မဟုတ်တော့ဘဲ လက်တွေ့ကျကျ ခံစားနေရပြီလို့ ကျွနု်ပ်တကယ်မျှော်လင့်ပါတယ်။သူ့ရဲ့မေတ္တာက သင့်ကို ဝန်းရံထားတယ်။သင်ခေါင်းပေါ်ကဆံပင်တွေကိုတောင် အကုန်ရေတွက်မှတော့ သူ့ကိုပြောပြလို့မရနိုင်တဲ့၊သေးငယ်လွန်းတဲ့အရာဆိုတာ ရှိဦးမှာလား။
သင့်ကိုချစ်တဲ့ ဘုရားရဲမေတ္တာဟာ အဆုံးမရှိတဲ့၊လက်တွေ့ကျတဲ့မေတ္တာဖြစ်တယ်။ယေရှုကစာငှက်တစ်ကောင်တောင် ဘုရားသခင်ရဲ့အခွင့်မရှိရင်မြေပေါ် ကျခွင့်မရှိဘူးလို့ပြောခဲ့ပါတယ်။သင်ဟာစာငှက်ထက်မမြတ်ဘူးလား။ဘုရားသခင်ဟာ ကမ္ဘာပေါ်မှာဖြစ်ပျက်နေတဲ့အဓိကအရေးကြီးကိစ္စတွေနဲ့ပဲပတ်သက်တဲ့သူလား။သူဟာ ကျွနု်ပ်တို့ရဲဝိညာဉ်ကယ်တင်ခြင်းရဖို့အတွက်ပဲ အရေးကြီးတယ်လို့သတ်မှတ်ပြီး ကျန်တဲ့ကိစ္စတွေကိုလှည့်မကြည့်တော့တဲ့သူလား။ဒါမှမဟုတ်ကျွနု်ပ်တို့ရဲ့နေ့စဉ်အသက်တာရဲ့အစိတ်အပိုင်းတိုင်း၊ကဏ္ဍတိုင်း၊အသေးအမွှားကိစ္စတိုင်းကို ဂရုစိုက်တဲ့သူလား။သင် ဘယ်လိုထင်သလဲ။ကျမ်းစာက သူဟာ သူ့ရဲ့သိုးတွေကိုနာမည်နဲ့တကွ ခေါ် တယ်လို့ပြောပါတယ်(ယော ၁၀:၃-၁၄)
❤️မိတ်ဆွေ၊ဘုရားရှင်ရဲ့မေတ္တာဟာတစ်ဦးချင်းစီ အတွက်အသေးစိတ်နက်နက်ရှိုင်းရှိုင်းဖြစ်တယ်။❤️
credit : Joseph Prince
⏱️ GOD is good all the time⏱️
2


WED 10:05 PM
- Get link
- X
- Other Apps

Comments
Post a Comment