"လွန်သွားနိုင်လျှင်လွန်သွားပါစေသော။ "
"လွန်သွားနိုင်လျှင်လွန်သွားပါစေသော။ " ဤခွက်သည်အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေ သော။ သို့သော်လည်း အကျွန်ုပ် အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့် ကိုယ်တော် အလိုရှိသည့်အတိုင်းဖြစ်ပါစေသော...ဟု ဆုတောင်းတော်မူ၏။(မဿဲ၂၆း၃၉) စင်စစ်ကျွန်ုပ်တို့ လူသားတွေချည်းပဲအသက်တာမုန်တိုင်းကို ရင်ဆိုင်ခဲ့ရတာ မဟုတ်ပါ။ ဘုရားသခင်၏ သားတော် စင်စစ်၊ ဧကန်ဖြစ်၍ လူ့ဇာတိခံခဲ့သော သခင်ယေရှုပင်လျှင်အင်မတန် ပြင်းထန်သော ကရာနီမုန်တိုင်းကို ရင်ဆိုင်ခဲ့ရပါ၏။ ပန်းချီကားကလေးတစ်ကားကို ကျွန်တော် တွေ့ခဲ့ဖူးပါသည်။ ဂေသရှေမန် ဉယျာဉ်တော်တွင် ကောင်းကင်တ မန်က သခင်ယေရှုအား နှစ်သိမ့်အားပေးနေသော ပန်းချီကား လေးပါ။ ထိုအခါ...ဘုရားစင်စစ် ဧ ကန်ဖြစ်ပါလျက်၊ အားငယ်စိတ်ပျက်ရသောကာလကိုလည်း လူ့ဇာတိဖြင့်ခဲယဉ်းစွာ ဖြတ်သန်းခဲ့ရသော ကယ်တင်ရှင်၏ နောက် ဆုံးအကျပ်အတည်းကာလကို နားလည်ခံစားမိပါသည်။ ကိုယ်တော်က...ငါသည် သေလောက်အောင် စိတ်နှလုံးအလျဉ်း၊ ညှိုးနွမ်းလျက်ရှိ၏....ဟု ညဉ်းတွားခဲ့ပါသည်။ အင်္ဂလိပ်ဘာသာ ဖြင့် "The sorrow in my heart is great that is almost crushes me" ဟုလာပါသည်။ တကယ် လည်း သခင်ယေရှုသည် ကျိုးပဲ့ကြေမွသောစိတ်နှလုံးဖြင့်.... "အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွနုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော။သို့သော် လည်း အကျွန်ုပ် အလိုရှိသည့် တိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည့်အတိုင်း ဖြစ်စေတော်မူပါ....ဟုဆုတောင်းခဲ့သည်ဟု သမ္မာ ကျမ်းစာကဖော်ပြပါသည်။ ကိုယ်တော်ပြောခဲ့သော ဤခွက်....("The cup of suffering") ဆိုသည်မှာကားတိုင် တော်ကို ဆိုလိုပါသည်။ ခွက်အတွင်း၌ရှိသော အရာများက ကမ္ဘာ လောကကြီး၏ အပြစ်များ ပင်ဖြစ်ပါသည်။ သေခြင်းဟူသော ဝေါဟာရ စကားကိုကြားရလျှင် ပင်အလွန်နာကျင်သော လူ့ဇာတိ၌...ကားတိုင်ထက်မှာ အသေသတ်ခံရမည်ဆိုပါက၊ တကယ်ကြောက်စရာကောင်းပေစွ။ အိမ်မက်စိတ်ကူးနှင့်တောင်ရင် ဆိုင်ချင်တာမျိုး မဟုတ်ပါ။ သခင်ယေရှုသည် လူ့ဇာတိခံသူဖြစ်ပါ၏။ သို့သော် သန့်ရှင်းစင်ကြယ်သောသူလည်းဖြစ်ပါသည်။ လုပ်ရဲရင် ခံရဲတယ်...ဆိုသည့် ခပ် မိုက် မိုက် လူကြမ်းလည်း မဟုတ်ပါ။ ထို့ပြင် ကားတိုင်ထက်မှာ မိမိ နှင့် သက်ဆိုင်ခြင်း မရှိသည့် အပြစ်အ တွက်၊ ( ခမည်းတော် ဘုရား၏အ လိုတော်နှင့်အညီ) အသက်ကိုစ တေး၊ နာကျင်မှုကို ခံယူပေးရမည့် ကိစ္စ အတွက်၊ လူ့နှလုံးသားအား ဖြင့်၊ မည်ကဲ့သို့ ခံရင်နိုင်ပါမည်နည်း။ထို့ကြောင့် အသေသတ်ခြင်းကိုမခံရင်၊ လွန်စွာစိတ်နှလုံး ညှိး နွမ်းခဲ့ရသည်ဟု သမ္မာကျမ်းစာက ဖော်ပြပါသည်။ ကောက်ညှင်းပေါင်းကျွေးပါသည်။ သင်းအုပ်ဆရာတော်ကီဒီယန်က... "သိပ်ဆင်းရဲတဲ့ဇနီးမောင်နှံပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီး၊ မောင်တစ်ထမ်း မယ်တစ်ရွက် ရုန်းကန်ခဲ့ကြရတာပါ။ ခင်ပွန်းက တံငါသည်၊ ဇနီးက ဂဏန်းနှိုက် ပေါ့။ တစ်နေ့တာတစ်နေ့ မလုံလောက် ကြ ပါဘူး။ ဒီရွာထုံးစံအတိုင်း၊ သီချင်းဆိုကောင်းသလို၊ ကလေးလဲများတယ်။"ဟုပြောပြပါသည်။ သို့သော်ဘုရားသခင်ကို ချစ်သောမိန်းကလေးသည် မိုးကြား၊ လေကြား အလုပ်ပင်ပန်းသော်လည်း အသင်းတော်၏နံနက်ဝတ် (အာရုံဉီး ဆုတောင်းခြင်း) မှာ အမြဲပါဝင်၍ယုံကြည်ခြင်း ခိုင်မာသူဖြစ်ပါသည်။နောက်ပိုင်းမှာ အာရုံဉီး ခေါင်းလောင်းထိုးသော တာဝန်ကို ယူခဲ့ပါ၏။ ရွာသူရွာသားများ အာရုံဉီးဆုတောင်းခြင်းကို လာဖို့ရန် နံနက်စောစော ခေါင်းလောင်းထိုးသည့်အလုပ်ကို၊ အမြဲလုပ်ရင်း တစ်နှစ်ပြည့်သောအချိန်မှစကာ သူတို့စီးပွားဉစွာများပြားလာပါသည်။လက်နှင့် ထိတွေ့သမျှ အကျိုးဖြစ်ထွန်းပါ၏။ သူများတွေဝါးတစ်ပိသာရ လျှင် သူတို့က ငါးပိသာရပါသည်။ ဘုရားသခင်က ပိုပိုသာသာပေး ပါ၏။ စား၍မကုန်သဖြင့် အိမ် ကောင်းကောင်းဆောက်ခွင့် ရပါသည်။ နာဂစ်မုန်တိုင်းတိုက်ခတ်သော ထိပ်လန့်စဖွယ် မေလမှာ ရွာလုံးကျွတ်အိမ်ပြိုကာ၊ အရာရာမျောပါ၍လွင့်ပျောက် ကြသော်လည်း သူတို့အိမ်က ပျဉ်တစ်ချောင်း၊ ထံရံတစ်ချပ်တောင် မပါ သွားခဲ့ပါ၊ မပျောက်ပျက်ခဲ့ပါ။ မုန်တိုင်းလွန်လျှင် တစ်ရွာလုံးကို သူတို့မိသားစုက ရှိရှိသမျှထုတ်၍ ကျွေးမွေးကာစောင့်ရှောက်ခဲ့ပါသည်။ တကယ်တော့ ပညာ...ဉစွာ၊ ဘာဆိုဘာမှမယ်မယ်ရရပြည့်ဝစုံလင်သူများမဟုတ်ကြပါ။ ငယ်ရွယ်သော ဇနီးမောင်နှံသည်၊ ရိုးရိုးကလေးပဲ ဘုရားရှင်ကို ချစ်၍ တတ်နိုင်သမျှ ဆပ်ကပ်တင်လှူသော ပူဇော်သဣာကိုဘုရားရှင်သိမှတ်၍၊ ကောင်းကြီးပေးသော သက်သေကိုမြင်ခဲ့ရလျှင် ၊ ဂုဏ်တော်ကိုချီးမွမ်းပါ၏။ ခက်ခဲကြမ်းတမ်းသော အသက်တာခရီးမှာ၊ ဘုရားသခင် မျက်နှာသာပေးလျှင် အလွန်လွယ်ကူချော့မွေ့ပါ၏။ဘုရားသခင် ၏ စိတ်တော်နှင့် တွေ့ဖို့ရန်သာ အရေးကြီးပါသည်။ ကိုယ်တော်ထံသို့ တိုးဝင်ချဉ်းကပ်၍ အမှုတော်ကိုဆောင်ရွက်ကြဖို့ပါ။ ကိုယ်တော်ကို အားပြုသောသူသည် မုန်တိုင်းကိုကြုံသည့်တိုင်း တုန်လှုပ်ခြင်း မရှိပါ။ ထာဝရ ဘုရား၏ ကောင်းကြီးမင်္ဂလာသည်စည်းစိမ်ကို ဖြစ်စေတက်၏။(သုတ္တံကျမ်း၊ ၁၀:၂၂) 🎼ကောင်းကင်လမ်းကိုကြိုးစား တက်မည်။ နေ့စဉ်တိုး၍ အထက်ရောက်သည်။ ကုန်းအမြင့်ပေါ်မှာ ခြေလှမ်း ဖို့ရာ နေ့စဉ်ပြုမည် ဆုပဌာနာ။🎶 Credit- ဆရာဆိုး ⏰GOD is good all the time⏰

Comments
Post a Comment